ယခင် စမ်းသပ်ခဲ့တဲ့ ဒုံးကျည်သုံးခုနဲ့ မတူပဲ တာတိုပစ် ဒုံးကျည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်ဘက်ကလည်း အတည်ပြု |
ဒီ ဒုံးကျည်ဟာ မြောက်ကိုရီးယားရဲ့ အနောက်ဘက် ကမ်းခြေက ပတ်ချန်ဒေသရဲ့ အနီးတဝိုက်ကနေ ပစ်လွှတ်လိုက်တာလို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အခု စမ်းသပ် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ယခင် စမ်းသပ်ခဲ့တဲ့ ဒုံးကျည်သုံးခုနဲ့ မတူပဲ တာတိုပစ် ဒုံးကျည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်ဘက်ကလည်း အတည်ပြု ပြောဆိုခဲ့ပါတယ်။
အခုလို ပစ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန်ရဲ့ အပြင်ဘက်ကို ကျရောက်လာခဲ့ပြီး အခုလို ပစ်လွှတ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း ဂျပန်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ယိုရှီဟီဒေ ဆူဂါက ပြောပါတယ်။
မကြာသေးခင်ကပဲ အစိုးရအဖွဲ့ ဝန်ကြီးသစ်တွေ ခန့်အပ်ထားခဲ့တဲ့ တောင်ကိုရီးယားသမ္မတသစ် မွန်ဂျေအင်းကလည်း အခုလို စမ်းသပ် ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု ထပ်လုပ်
Reviewed by THITHTOOLWIN
on
19:38
Rating: