မုန်တိုင်းအရှိန်ကြောင့် ကမ်းပါးပြိုကျ၍ နေအိမ် လေးလုံးပျက်စီး


ဟိုင်းကြီးကျွန်း မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက် ကပ္ပလီကျေးရွာ၌ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီက မုန်တိုင်း အရှိန်ကြောင့် ကမ်းပါးပြိုကျ၍ နေအိမ် လေးလုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ အမှတ်(၃)ရပ်ကွက် ကပ္ပလီကျေးရွာနေ ဦးသန်းဌေး၊ ဦးဌေးဝင်း၊ ဒေါ်အသေး၊ ဦးအောင်ကျော် လွင်တို့၏ နေအိမ်များမှာ ရေတိုက်စားမှု ကြောင့် ကမ်းပါးပြိုကျ ပျက်စီးသွားပြီး ကမ်းပြိုကျမှုမှလွတ်ကင်းသော ဆွေမျိုး များနေအိမ်တွင် ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ နေရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသက်လွင်ဦးနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လာရောက် ကြည့်ရှုပြီး ထပ်မံပြိုကျမည်ဟု စိုးရိမ်ရ သော အိမ်ထောင်စုတစ်စုအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြ ကြောင်း သိရသည်။

အလားတူ ဒီးဒူးကုန်းကျေးရွာအုပ်စု ပြည်သာယာကျေးရွာတွင် မေ ၂၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ဒီးဒူးကုန်းအုပ်စု ပြည်သာယာ ကျေးရွာတွင်နေထိုင်သော ကိုလင်းသူ၏ ဓနိမိုး၊ ဓနိကာ ဝါးခင်း နေအိမ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး သွား၍ ကိုလင်းသူတို့မိသားစုသည် ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင် ကြောင်း သိရသည်။

 (မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မုန်တိုင်းအရှိန်ကြောင့် ကမ်းပါးပြိုကျ၍ နေအိမ် လေးလုံးပျက်စီး မုန်တိုင်းအရှိန်ကြောင့် ကမ်းပါးပြိုကျ၍ နေအိမ် လေးလုံးပျက်စီး Reviewed by THITHTOOLWIN on 08:33 Rating: 5
Powered by Blogger.