မုန်းတိုင်းဒဏ်မှ ရှောင်တိမ်းရန်အတွက် လူ ၁ သန်းကျော်ကို နေရာရွှေ့ပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရ စီစဉ်


ဒါကာ၊ မေ ၃၀။

ယနေ့ (မေလ ၃၀ ရက်) နံနက်ပိုင်းတွင် နိုင်ငံ အရှေ့ဖက် ကမ်းရိုးဒေသကို မိုရာလို့ အမည်ပေးထားတဲ့ဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက်တိုက်ခတ်နိုင်တာကြောင့် လူ ၁ သန်းကျော်ကို နေရာရွှေ့ပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်နေတယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။

နိုင်ငံရဲ့အရှေ့တောင်ဘက်ဆိပ်ကမ်းမြို့တွေဟာ မုန်တိုင်းကြောင့် အလွန်အန္တရာယ်များတဲ့အဆင့်( အဆင့်၁၀) အနေအထားကိုရောက်ရှိနေပြီး၊ အနောက်ဘက်ဆိပ်ကမ်းမြို့တွေကတော့ အန္တရာယ်များတဲ့အဆင့်( အဆင့်၈ )အနေအထားကိုရောက်ရှိနေတယ်လို့ မိုးလေ၀သဌာနကသတိပေးထားပါတယ်။

အနိမ့်ပိုင်းဒေသဖြစ်တဲ့ Chittagong ခရိုင် Cox's Bazarဒေသနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းကြောင့် ရေ ၄ပေကနေ ၅ ပေအထိ လွှမ်းမိုးမှုတွေဖြစ်လာနိုင်ပါတယ်။ Chittagong ခရိုင်မှာမုန်းတိုင်းဒဏ်ကနေရှောင်တိမ်းနေထိုင်နိုင်ဖို့ cyclone shelters အလုံး ၅၀၀ တည်ဆောက်ပေးထားပြီး၊ လူတွေကို အဲဒီအဆောက်အဦးတွေမှာနေထိုင်ကြဖို့တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။ အမြင့်ပိုင်းနေရာတွေမှာနေထိုင်သူတွေကိုလည်းဘေးလွတ်ရာကိုရှောင်တိမ်းနေထိုင်ကြဖို့ သက်ဆိုင်ရာကအသိပေးထားပါတယ်။

မိုးရာ နဲ့အလားသဏ္ဍာန်တူတဲ့ မုန်တိုင်းတစ်ခုကြောင့်ပြီးခဲ့တဲ့ရက်ပိုင်အတွင်း ကျွန်းနိုင်ငံဖြစ်တဲ့ သီရိလင်္ကာမှာ မိုးသည်းထန်စွာရွာသွန်းပြီး၊ ရေကြီး၊ မြေပြိုတာတွေဖြစ်ခဲ့ပါတယ်။ လူပေါင်း ၅သိန်းလောက် မုန်းတိုင်းဒဏ်ကို ခံခဲ့ရပြီး လူ၁၈၀ကျော်သေဆုံးကာ လူပေါင်း ၁၀၀ ထက်မနည်းပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သီရိလင်္ကာအစိုးရကဆိုပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၄၀ အတွင်း သီရိလင်္ကာအတွက် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။

မိုရာမုန်းတိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အရှေ့ဖက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောခရိုင်နှင့် စစ်တွေခရိုင်ဒေသများတွင် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနကသတိပေးထားပါတယ်။

AHN
PHOTO = BBC
The Asia Heart News
မုန်းတိုင်းဒဏ်မှ ရှောင်တိမ်းရန်အတွက် လူ ၁ သန်းကျော်ကို နေရာရွှေ့ပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရ စီစဉ်  မုန်းတိုင်းဒဏ်မှ ရှောင်တိမ်းရန်အတွက် လူ ၁ သန်းကျော်ကို နေရာရွှေ့ပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရ စီစဉ် Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.