မီးဘေးစိုးရိမ်ရ၍ စက်သုံးဆီဆိုင်အားပြောင်းရွှေ့ဖွင့်လှစ်ပေးနိုင်ရန် အတွက် ဆွာမြို့တွင် ဆန္ဒဖော်ထုတ်ပွဲကျင်းပ |
ပဲခူးတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့တွင် မီးဘေးစိုးရိမ်ရ၍ စက်သုံးဆီဆိုင်အားပြောင်းရွှေ့ဖွင့်လှစ်ပေးနိုင်ရန် အတွက် ဆန္ဒ ဖော်ထုတ်ပွဲတစ်ရပ်ကိုမေလ (၂၁)ရက် နံနက် ၈ နာရီ မှ ၁၁ နရီအထိပြုလုပ်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူတစ်ဦးပြောသည်.။
မြို့တွင်းတွင် ဖွင့်လှစ် ရောင်းချလျှက်ရှိသော စက်သုံးဆီဆိုင်အား မီးဘေးအန္တရာယ် စိုးရိမ်ရ၍ မြို့နှင့် လွတ်ကင်းရာသို့ ပြောင်းရွှေ့ပေးနိုင်ရေး အတွက် သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊. အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် လူအင်အား တစ်ရာခန့် ပါဝင်ပြီး ဆွာမြို့တောင်ဘက် မြို့အဝင်မှ စတင်ကာ ဆိုင်းဘုတ်များ.၊ စာတမ်းများကိုင်ဆောင်၍ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း လည်း၎င်းကပြောသည်။
ကျော်သူဝင်း(တောင်ငူ)
PHOTO = KTW
The Asia Heart News
ဆွာမြို့တွင် ဆန္ဒဖော်ထုတ်ပွဲကျင်းပ
Reviewed by THITHTOOLWIN
on
23:32
Rating: