မြိတ်-တကူလမ်းပိုင်းတွင် ၆ ဘီး ကုန်ကားနှင့်ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်


တနင်္သာရီတိုင်း ဒေသကြီး မြိတ်-တကူလမ်းပိုင်းတွင် မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ကုန်ကားကြီး တစ်စီးနှင့် ဆိုင်ကယ် တိုက် မိပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်၊ ဇ၀ဲကျေးရွာအုပ်စု၊ ဒူးကြိုလေးမိုင် ကျေးရွာ အနီးတွင် တကူသို့မောင်းနှင်နေသည့် ကုန်ကား ကို ဆိုင်ကယ်မှကျော်တက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဆိုင်ကယ် ပေါ်ပါလာတဲ့ အမျိုးသမီးမှာ ကားဘီးအောက် သို့ဝင်သွားပြီး အခင်းဖြစ်ပွားသည့် နေရာမှာ ပွဲချင်းပြီး သေဆုံး ခဲ့တယ်လို့သိရပါတယ်။


ကုန်ကားမှာ Nissan Diesel ( TNI 3B 9204 ) နံပါတ်ပါ ၆ဘီးကားဖြစ်ပြီး စောညီညီစိုး( ၂၇ )၊သာရဘွင် ကျေးရွာနေသူမောင်းနှင်လာပြီး သေဆုံးသူမှာ မခင်စန်း (၂၆)နှစ်၊ အင်းလေးမြိုင်ရပ်ကွက်၊မြိတ်တောင်နယ်မြေ၊ ဆိုသူဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ပြီး တနင်္သာရီမြို့နယ် ရဲစခန်းမှ စစ်ဆေးဆောင်ရွက်နေပြီး ဥပဒေအရ အရေးယူ နိုင်ရန်စီစဉ်နေကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik (fb)
မြိတ်-တကူလမ်းပိုင်းတွင် ၆ ဘီး ကုန်ကားနှင့်ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ် မြိတ်-တကူလမ်းပိုင်းတွင် ၆ ဘီး ကုန်ကားနှင့်ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.