သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်လွတ်မြောက်


ဦးသိန်းစိန်အစိုးရလက်ထက်က ထောင်ဒဏ်ကျခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မေလ ၂၄ ရက်နေ့ ဒီနေ့မှာ တောင်ငူအကျဉ်းထောင်ကနေ လွတ်မြောက်လာပြီဖြစ်ပါတယ်။

 ဒီနေ့ မနက် (၈)နာရီခွဲက လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ကြိုဆိုတဲ့အနေနဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မနေ့က ရက်စွဲနဲ့ နိုင်ငံသားအကျဉ်းသား (၁၈၆)ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား (၇၃)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်က ငွေကြေးအလွဲသုံးစားမှုနဲ့ (၂၀၁၄)ခုနှစ်လယ်ပိုင်းကစပြီး ထောင်ဒဏ် (၁၃)နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။

သတင်းထောက် - သူရ (တောင်ငူ)

5 PLUS NEWS
https://www.facebook.com/5plusnews/

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်လွတ်မြောက် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်လွတ်မြောက် Reviewed by THITHTOOLWIN on 15:23 Rating: 5
Powered by Blogger.