မော်စကို။ မေ ၃၀။
မေလ ၂၉ ရက်က ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် လူ ၁၁ ဦးသေဆုံးပြီး ၅၀ ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။
မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးပါသောမိုးများရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့ပြီး သစ်ပင်ပေါင်း ၁၀၀ကျော်ပြိုကျခဲ့ပါတယ်။ လျှပ်စစ်မီးကြိုးတွေလည်းပျက်စီးခဲ့ရပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မြို့တော် မော်စကို မှာ မုန်တိုင်းကြောင့်လူ သေဆုံးခဲ့ရတဲ့ ပထမဆုံးသော အဖြစ်အပျက်ဖြစ်ပါတယ်။
သေဆုံးသူတွေထဲက သင်ကြီးရွယ်အိုတစ်ဦးက ဘတ်စ်ကားမှတ်တိုင်မှာကားစောင့်ရင်းသစ်ပင်ပိသေဆုံးခဲ့ရတာဖြစ်ပြီး၊ နောက်ထပ်နှစ်ဦးတော့ နေအိမ်ထဲမှာရှိနေစဉ်သစ်ပင်ပိသေဆုံးခဲ့ရတာပါ။ TASS သတင်းဌာန ကတော့ မုန်းတိုင်းကြောင့် လူ ၆၉ ဦးဒဏ်ရာရခဲ့တယ်လို့ဖော်ပြပါတယ်။
AHN
PHOTO – BBC
The Asia Heart News
ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် မိုးကြိုးမုန်တိုင်းတိုက်၊ ၁၁ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
08:44
Rating: