စစ်တွေ၊ မေ ၂၁
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် နဂါးမောက်ရွာမှ မောင်နှမနှစ်ဦးသည် ချောင်းထဲတွင် ထောင်ထားသော ဂဏန်းမြုံးကို သွားဖော်ရာမှ မေလ ၂၀ ရက်နေ့က ရေနစ်သေဆုံးသွားခဲ့သည် ဟု ရသေ့တောင်မြို့နယ် ရဲစခန်း မှ ရဲမှူး ဇော်ဝင်းအောင် က နိရဉ္စရာသတင်းဌာန သို့ ပြောသည်။
“ ချောင်းထဲက ဂဏန်းမြုံး ကို သွားဖော်ရာကနေ မောင်ဖြစ်သူက ရေနစ်လို့ အမ ဖြစ်သူက ကယ်ရာကနေ နှစ်ယောက်စလုံး ရေနစ်သေဆုံးသွားရတာပါ” ဟု ရဲမှူး ဇော်ဝင်းအောင်က ဆိုသည်။
ရေနစ်သေဆုံးသည့် ကလေးငယ်နှစ်ဦးမှာ နဂါးမောက်(အထက်)ကျေးရွာမှ ဦးသိန်းအောင်ကျော်နှင့် ဒေါ်သန်းစိန်နု တို့၏ သားဖြစ်သူ မောင်ကျော်မင်းထွန်း(၈) နှစ် နှင့် သမီး ဖြစ်သူ မမိုးမိုးသန်း(၁၁) နှစ် တို့ဖြစ်ကြသည်။
အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်မှာ မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး ရေနစ်ပြီး တစ်နာရီခန့်အကြာ ၄ နာရီခွဲခန့်မှ အလောင်းများကို ဆယ်ယူရရှိခဲ့သည် ဟု ရဲမှူးက ပြောသည်။
၎င်းအမှုကို သေမှုသေခင်း ဖြင့် ရသေ့တောင်ရဲစခန်းတွင် အမှုဖွင့်ထားသည် ဟု ရဲမှူး ဇော်ဝင်းအောင် ကပြောသည်။
(ဓာတ်ပုံ- ဖေ့စ်ဘုတ်)
မဘုကေ
Narinjara
https://www.facebook.com/Narinjara
ရသေ့တောင်တွင် ဂဏန်းမြုံးသွားဖော်သည့် မောင်နှမနှစ်ဦး ရေနစ်သေဆုံး
Reviewed by THITHTOOLWIN
on
19:19
Rating: