သုံးခွမြို့ နယ်တွင် မိုးကြိုးထိမှန်၍ လူနှစ်ဦးသေဆုံး


သုံးခွ မေ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ နယ်တွင်  မေလ ၂၀ ရက်နေ့  ညနေ ၅ နာရီခွဲခန့်က ထုံးကြီးကျေးရွာအုပ်စုမှ ကန်စွန်းရွက်ခူးနေတဲ့ မိန်းကလေးတစ်ဦးနှင့် အောင်ပန်းစိန်ကျေးရွာအုပ်စုမှ လယ်ကန်သင်းပြုပြင်နေတဲ့ လယ်သမားတစ်ဦး မိုးကြိုးထိမှန်ခံရ၍ သေဆုံးသွားကြောင်းသိရပါသည်။

ဖြစ်စဉ် စုံစမ်းကြည့်ရာ ထုံးကြီးကျေးရွာနေ မပန်းအိဖြူ အသက်(၁၄)နှစ် သည် ထုံးကြီးကျေးရွာအရှေ့ တောင်ဘက် တမိုင်ခန့်အကွာ ဦးငွေထွန်းပိုင် လယ်ကွက်စပ်တွင် ညနေ ၅ နာရီခွဲခန့်က ကန်စွန်းရွက်ခူးနေရင်း မိုးကြိုးထိမှန်၍ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝဲနားသွေးထွက်ဒဏ်ရာ၊ ဝဲလက်မောင်းညိုမဲပေါက်ပြဲဒဏ်ရာရရှိကာ သေဆုံးသွားကြောင်းသိရပါသည်။

အလားတူ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်ကလည်း အောင်ပန်းစိန်ကျေးရွာ အုပ်စု အောင်ပန်းစိန်ေ ကျး ရွာနေ ဦးဌေးဝင်း အသက်(၄၆)နှစ်သည် အောင်ပန်းစိန်ကျေးရွာ အနောက်မြောက်ကွင်းထဲရှိ ပေ ၅၀၀ ခန့်အကွာ ဦးအောင်မြ၏ လယ်ကွက်တွင် လယ်ကန်သင်းပြုပြင်နေစဉ် မိုးကြိုးထိမှန်ခံရ၍ ဝဲ/ယာနားထင်သွေးထွက် ယာနားထင်ပေါက်ပြဲ ၊ သွေးထွက် ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်းသိရသည်။

ကြည်စိုးလွင်-(သုံးခွ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သုံးခွမြို့ နယ်တွင် မိုးကြိုးထိမှန်၍ လူနှစ်ဦးသေဆုံး သုံးခွမြို့ နယ်တွင် မိုးကြိုးထိမှန်၍ လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 00:27 Rating: 5
Powered by Blogger.