နေပြည်တော်၊ မေ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဲဒင်ကျေးရွာတွင် မေလ ၁၈ ရက်နေ့ ယမန်နေ့ ည ၁၀ နာရီအချိန်ခန့် က လူတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သတင်းအရ ကနီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ အဆိုပါကျေးရွာနေ ဦးကျော်နိုင် (၄၁)နှစ်သည် ယာတောမှ ပြန်လာစဉ် လေပြင်းတိုက်ခတ်မှုကြောင့် ပြုတ်ကျနေသည့် မီးစက်မှ သွယ်တန်းထားသော လျှပ်စစ်ကြိုးဖြင့် ထိမိရာက ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိရသောကြောင့် ကနီမြို့မရဲစခန်း၌ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မီးစက်မှ သွယ်တန်းထားသည့် လျှပ်စစ်ကြိုးဖြင့် ထိမိရာက လူတစ်ဦး ဓာတ်လိုက်သေဆုံး
Reviewed by THITHTOOLWIN
on
19:55
Rating: