နိုင်ငံသားအခွင့်အရေးအပြည့်ရအောင် လုပ်ပေးမည်ဟုမုံရွာ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရထားသော NLDအမတ်ပြော


မုံရွာ၊မတ်​ ၂။

နိုင်ငံသားအခွင့်အရေးအပြည့်ရအောင် လုပ်ဆောင်သွားမည်ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် မုံရွာမဲဆန္ဒနယ်၌ ပူပူနွေးနွေးအနိုင်ရထားသော NLDမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အောင်က ပြောကြားလိုက်သည်။

ဦးညွန့်အောင် သည် ဧပြီ၁ ရက်နေ့ကျင်းပ သောကြားဖြတ်ရွေးကောက်ပွဲ၌ ပြိုင်ဘက် ပါတီ လေးခု မှ အမတ် များကို မဲ အပြတ်အသတ်ဖြင့်အနိုင်ရထားခြင်းဖြစ်သည်။ မဲလာပေးသူ တစ်သိန်းကျော်တွင် ဦးညွန့်အောင်က ခိုင်လုံမဲ ၉သောင်းခွဲ ကျော် ရခဲ့၍ အနီးကပ်ဆုံး အင်အားကြီးပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးအမတ်ထက် မဲ၇သောင်းနီးပါး အသာရခဲ့ခြင်းဖြစ်သည်။


" ပါတီကိုရော ကျွန်တော်ကိုရော လက်ခံယုံကြည်လို့မဲပေးကြတဲ့ ပြည်သူ တွေရဲ့လိုအပ်ချက်ကို ကျွန်တော်သိထားပါတယ်၊ ကျွန်တော်မှာ ဒေတာ အချက်အလက်တွေရထားတာရှိတယ်၊ အောင်နိုင်ရေးကာလကတည်းက တစ်ပြိုင်နက် စုထားတာ၊ ပြည်သူ့လွှတ်တော်မှာပထမဆုံးမေးမယ့်မေးခွန်းက ဘာဖြစ်မလဲဆိုတာကတော့ ကျွန်တော်ကျန်းသစ္စာ ကျိန်ဆိုပြီးမှ သာ ပြောပါရစေ" ဟု ဦးညွန့်အောင်က ဆိုသည်။

ဒေသခံပြည်သူများနှင့်အမြဲ ထိတွေ့ဆက်ဆံနိုင်ရန် ၄င်းတွင်အားကောင်းသည့် ပံ့ပိုးကူညီမည့်ရဲဘော်ရဲဘက်အဖွဲ့များရှိထားပြီး ဖေ့ဘုတ်မှသော်လည်းကောင်း၊ လွှတ်တော်နားချိန်တွင်သော်လည်း လူထုအကြားအမြဲ ကွင်းဆင်း၍ လိုအပ်ချက်များကို နားထောင်စုဆောင်းမည်ဟု ဦးညွန့်အောင်က ​ပြောဆိုထားသည်။

ဟိန်းလင်းသန့်
ဓာတ်​ပုံ-ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/
နိုင်ငံသားအခွင့်အရေးအပြည့်ရအောင် လုပ်ပေးမည်ဟုမုံရွာ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရထားသော NLDအမတ်ပြော နိုင်ငံသားအခွင့်အရေးအပြည့်ရအောင် လုပ်ပေးမည်ဟုမုံရွာ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရထားသော NLDအမတ်ပြော Reviewed by THITHTOOLWIN on 15:18 Rating: 5
Powered by Blogger.