ညောင်ရွှေမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနိုင်ရ


ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်း အနိုင်ရသွားကြောင်း သိရသည်။

"လက်ရှိမဲရေတွက်အပြီးမှာတော့ ဆန္ဒမဲ (၄၁၄၁)နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသာရနေပါတယ်။ အခုတော့ ကော်မရှင်က မဲရလဒ်ကြေညာဖို့ စောင့်နေပါတယ်"ဟု ညောင်ရွှေ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရေတွက်ရာတွင် စောင့်ကြည့်သူတစ်ဦးဖြစ်သည့် ဦးတင်မောင်တိုးက ပြောသည်။

ညောင်ရွှေမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ (၆၂၈၇၉)ဦးရှိပြီး မဲရုံ (၆၉)ရုံထားရှိပေးထားသော်လည်း ထက်ဝက်ခန့်သာ မဲပေးသူရှိကြောင်း သိရသည်။


ရှမ်းပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ်များဖြစ်သည့် ကျိုင်းတုံ မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၂)၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနေခြင်းဖြစ်သည်။

ဓါတ်ပုံ - ဦးတိုး
Tachileik News Agency
http://www.tachileik.net
ညောင်ရွှေမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနိုင်ရ ညောင်ရွှေမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနိုင်ရ Reviewed by THITHTOOLWIN on 06:18 Rating: 5
Powered by Blogger.