အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့် နေရာ အားမြင်တွေ့ရစဉ်(ဆင်ဟွာ) |
အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Fresno မြို့တွင် ဧပြီလ ၁၈ ရက်နေ့က သေနတ် ပစ်ခတ်မှု တစ်ရပ် ဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကာ သေနတ် ပစ်ခတ်သူ ကို အခင်းဖြစ်ပွားရာ နေရာတွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။
Fresno မြို့ ရဲတပ်ဖွဲ့ ဌာနမှူး Jerry Dyer က သတင်းစာရှင်းလင်းပွဲတွင် သေနတ် ပစ်ခတ်သူ မှာ အမေရိကန် တွင် နေထိုင်သော အသက် ၃၉ နှစ်အရွယ်ရှိ အာဖရိက လူမျိုး Kori Ali Muhammad ဖြစ်ကြောင်း ၊ ၄င်းသည် Fresno မြို့လယ်ရှိ လမ်းပေါ်တွင် မတူညီသော နေရာ ၄ နေရာ၌ သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အချိန် တစ်မိနစ် အတွင်း လူ ၄ လေးဦးအား ကျည်ဆံ ၁၆ တောင့် ပစ်ခတ်ခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကာ တစ်ဦးကို မထိမှန် ခဲ့ကြောင်း ပြောကြား ခဲ့သည်။
Muhammad သည် ပြီးခဲ့သည့် ကာလအနည်းငယ်က ယင်းမြို့ တည်းခိုခန်း တစ်ခုရှေ့တွင် လုံခြုံရေး ဝန်ထမ်း တစ်ဦး ကို ပစ်သတ် ခဲ့သည့် အမှုတွင်လည်း သံသယ ရှိသူ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့ ၏ စုံစမ်းစစ်ဆေးမှု များအရ Muhammad သည် လူမှုကွန်ယက်တွင် လူဖြူ ကို မနှစ်သက်သူ တစ်ဦး ဖြစ်ပြီး အစိုးရ ဆန့်ကျင်သူ တစ်ဦး လည်း ဖြစ်ကြောင်း ၊ ယခု ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှု တွင်လည်း သေဆုံး ခဲ့သူ ၃ ဦးလုံးမှာ လူဖြူများ ဖြစ်ကြကြောင်း ပြောကြား ခဲ့သည်။ ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ Muhammad သည် လူမှုကွန်ယက်တွင် အလွန်တက်ကြွသူ တစ်ဦး ဖြစ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကို ဦးတည်သည့် လူမျိုးရေး ဝါဒများပါဝင်သည့် ခြိမ်းခြောက်မှုမျိုးကို အကြိမ်ကြိမ် ရေးသားခဲ့ကြောင်း ကို သိရှိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် လက်ရှိချိန်တွင် အမှုအခင်း နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်နေပြီး အကြမ်းဖက် ဝါဒ တိုက်ခိုက်မှု တစ်ခု ဟုတ်မဟုတ်ကို မဆုံးဖြတ် နိုင်သေးကြောင်း ပြောကြား ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ၃ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
17:18
Rating: