နေပြည်တော်၊ ဧပြီ ၃၀
၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ အောင်အောင်(၄၉)နှစ်သည် ၈၂ လမ်း၊ ၃၀×၃၁ လမ်းကြားရှိ “လွင်” ဘက်ထရီဆိုင်သို့သွားမည်ပြုစဉ် အမည်မသိအမျိုးသားတစ်ဦးက လိုက်မည်ပြောသဖြင့် တင်ခေါ် ခဲ့ပြီး ဘက်ထရီအိုးဆိုင်မှအပြန် လမ်းအရောက် ကွမ်းယာဝယ်မည်ပြောကာ ကွမ်းယာဆင်းဝယ်၍ ပြန်ထွက်စဉ် လိုက်ပါလာသည့် အမည်မသိသူက ၎င်းမောင်းမည်ပြောပြီး ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေးသွားသောကြောင့် အော်ဟစ်အကူအညီတောင်းခဲ့သည်။
အနီးရှိလူများနှင့် လှည့်ကင်း ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ကန့်ဘလူမြို့နယ်နေ လွမ်းကို (၂၂)နှစ်အား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ချမ်းအေးသာစံမြို့မရဲစခန်း (ပ)၁၆၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
လမ်းကြုံလိုက်ပြီး ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးသူအား ဖမ်းဆီးအရေးယူထား
Reviewed by THITHTOOLWIN
on
18:26
Rating:
