မန္တလေးမြို့ (၂၆ x ၇၈)လမ်းက လမ်းလျှောက်သင်္ကြန်မုခ်ဦးကို နိုင်ငံခြားသားတွေတင်ဆောင်လာတဲ့ ကားတစ်စီးက တိုက်မိပြီး ပြိုကျခဲ့တယ်လို့ သိရပါတယ်။ ကားရဲ့ဘေးဘက်နဲ့ မုခ်ဦးကိုချိတ်ပြီး တိုက်မိခဲ့တာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ လမ်းတံတားဌာနမှူး ဦးမျိုးအောင်က ပြောပါတယ်။
အဲဒီလိုပြိုကျမှုကြောင့် လမ်းကို (၃)နာရီလောက်ခေတ္တပိတ်ပြီး ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်မှာ တစ်ဦးတစ်ယောက်မှထိခိုက်ခြင်းမရှိပေမယ့် ကားကတော့ အရှေ့ပိုင်းပျက်စီးသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Nainglin aung
5 Plus News
https://www.facebook.com/5plusnews/
မန္တလေးလမ်းလျှောက်သင်္ကြန်မုခ်ဦးကို ခရီးသည်တင်ယာဉ်တစ်စီး တိုက်မိပြိုကျခဲ့
Reviewed by THITHTOOLWIN
on
19:07
Rating: