မြန်မာလှေလုပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အမှု နစ်နာကြေး ဘတ်ငွေ နှစ်သိန်းခွဲနဲ့ သဘောတူခဲ့တယ်လို့ အမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ဥက္ကဌ ဦးထူးချစ်ထံက သိရပါတယ်။
လှေလုပ်ငန်းရှင်က ဘတ်ငွေ (၁)သိန်းခွဲကို ဒေသခံတာဝန်ရှိသူတွေရှေ့မှာ ပေးချေပြီးဖြစ်ပေမယ့် ကျန်တဲ့ ဘတ်ငွေ တစ်သိန်းကို တရားရုံးတက်မယ့်နေ့မှာ အပြီးပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးကို ရက်သတ္တပတ် (၂)ပတ် အတွင်း တက်ရောက်နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
အခုလ (၂၂)ရက်က ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးလှေပိုင်ရှင်တစ်ဦးက အသက် (၂၁)နှစ်အရွယ် မြန်မာလှေလုပ်သားကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၀မ်းဗိုက်ဘေး ဖောက်ထွက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - Htoo Chit
5 Plus News
https://www.facebook.com/5plusnews
ထိုင်းရောက် မြန်မာလှေလုပ်သား သေနတ်နဲ့ အပစ်ခံရမှု ဘတ် နှစ်သိန်းခွဲနဲ့ သဘောတူညီမှုရ
Reviewed by THITHTOOLWIN
on
17:54
Rating:
