နိုဝင်ဘာလ ၆ရက်နေ့က ရန်ကုန်မြို့ တိုက်ခန်းမှာ အင်္ဂလိပ် ကျောင်းဆရာ Gary Ferguson သေဆုံးနေတာ တွေ့ရှိ |
ဒီအမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာ အာဏာပိုင်တွေက ဦးဆောင်လုပ်နေပြီး အခုလက်ရှိမှာ စကော့တလန် ပြည်နယ် ရဲတွေအနေနဲ့ ဖမ်းဆီးပိုင်ခွင့် မရှိဘူးလို့ စကော့တလန် ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
ဒါပေမယ့်လည်း ဖြစ်လာနိုင်မယ့် အန္တရာယ်တွေနဲ့ ပတ်သက်လို့ ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့က အလွတ် ပညာသင်ကျောင်းတကျောင်းက အသက်၄၇နှစ်အရွယ် အင်္ဂလိပ်စာ ဆရာ မစ္စတာ Ferguson ကို သတ်ခဲ့ပြီး မြန်မာနိုင်ငံထဲကနေ ထွက်ပြေး တိမ်းရှောင် သွားတယ်လို့ မသင်္ကာမှုနဲ့ တကျောင်းထဲ လုပ်ဖော်ကိုင်ဖက် Harris Binotti ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အလိုရှိနေတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ရန်ကုန်က ဗြိတိသျှ ကျောင်းဆရာ အသတ်ခံရမှုမှာ မသင်္ကာသူကို စကော့တလန်မှာ ခြေရာခံတွေ့
Reviewed by THITHTOOLWIN
on
08:50
Rating: