နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒီနေ့ ဥရောပ(၃)နိုင်ငံခရီးထွက်ခွာမယ်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ (၃၀)ရက် ဒီနေ့ညမှာ ဥရောပ (၃)နိုင်ငံ ခရီးစဉ်ကို စတင်ထွက် ခွာမှာဖြစ်တော့မှာ ဖြစ်ပါတယ်။ ဒီနေ့ည (၇)နာရီ (၄၅)အချိန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာပြီး ထိုင်းနိုင်ငံကတစ်ဆင့် ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဥရောပသမဂ္ဂ( EU) ဌာနချုပ်ကို သွားရောက်မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်က ပြောပါတယ်။

 နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ရဲ့ အခုသွားရောက်မယ့် ဥရောပ(၃)နိုင်ငံခရီးစဉ်ဟာ မေလ (၁၀)ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဒီဥရောပခရီးစဉ်ပြီးရင် မေလ(၁၄)ရက်နဲ့ (၁၅)ရက်မှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် One Belt- One Road နဲ့ပတ်သက်တဲ့ နိုင်ငံတကာအဆင့် ထိပ်သီးညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

ဓာတ်ပုံ - Myanmar State Counsellor Office
5 Plus News
https://www.facebook.com/5plusnews
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒီနေ့ ဥရောပ(၃)နိုင်ငံခရီးထွက်ခွာမယ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒီနေ့ ဥရောပ(၃)နိုင်ငံခရီးထွက်ခွာမယ် Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.