ဧပြီလ ၁ ရက် ၂၀၁၇
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ပြည်နယ်လွှတ်တော် မဲဆန်ဒနယ်အမှတ် ၂ ကိုယ်စားလှယ်ရွေးချယ်မှုတွင် ဒေသခံလူထု မဲပေးရန်စိတ်ဝင်စားမှုအားနည်းနေကြောင်း သိရသည်။
"မဲလာပေးတဲ့သူအရေအတွက်အရမ်းနည်းပါတယ်။ နေမြင့်လေ လူနည်းလေဘဲ။ မဲပေးဖို့ သွားတန်းစီစောင့်တာ ၁၀ မိနစ်တောင်မစောင့်ရဘူး။ မဲလာပေးတဲ့သူတယောက်အနေနဲ့ကြည့်ရင်လည်း အားရကျေနပ်မှုမရှိဘူး'' ဟု ကျိုင်းတုံဒေသခံ စိုင်းခမ်းဆာမ်ကပြောသည်။
မဲဆန်ဒနယ်အမှတ် ၂ အတွက်မဲပေးခွင့်ရှိသူ ၅ သောင်းကျော်ရှိသော်လည်း မဲရုံတခုချင်းစီတွင်လာရောက်မဲပေးကြသည့် အရေအတွက်မှာ ရာဂဏန်းသာရှိကြောင်း မဲရုံများစောင့်ကြည့်ရန်တာဝန်ကျသည့် ကျားခေါင်းပါတီလူငယ် စိုင်းအောင်မြင့်ဦးကပြောသည်။
ရှင်ပြုပွဲ တို့ မင်္ဂလာဆောင်ပွဲတို့ဆီဘဲအာရုံရောက်နေကြတော့ မဲလာပေးတဲ့သူအရမ်းနည်းတယ်။ အားရကျေနပ်မှုမရှိဘူး။ တခုစိုးရိမ်ရတာက ကျန်တဲ့ မဲလာမပေးသူတွေရဲ့မဲပြားတွေဟာ ကြိုတင်မဲပုံးထဲဝင်ကုန်မှာစိုးလို့ပါဘဲ ဟုပြောသည်။
ကျိုင်းတုံမြို့တွင် ပြည်နယ်လွှတ်တော် မဲဆန်ဒနယ်အမှတ် ၂ အတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၆ ခုရှိရာ ကျားခေါင်းပါတီ SNLD ကျားဖြူပါတီ SNDP ကြံ့ခိုင်ရေးပါတီ USDP အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အခါ ပါတီ တို့ဖြစ်ကြသည်။
ဓါတ်ပုံ- ကျိုင်းတုံမြို့ ရပ်ကွက် ၁ အတွင်းမဲရုံတချို့အားတွေ့ရပုံ (Credit to SAMO)
သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
ကျိုင်းတုံကြားဖြတ်ရွေးကောက်ပွဲ လူထုစိတ်မ၀င်စား မဲပေးသူနည်းပါး
Reviewed by THITHTOOLWIN
on
18:19
Rating: