ရန်ကုန်-မန္တလေး အမြန်လမ်းဘေး ဆက်သွယ်ရေး တာဝါတိုင်မှ ဘတ္ထရီအိုးနှင့် ကေဘယ်ကြိုးများ ခိုးယူသူ ဖမ်းဆီးရမိ


နေပြည်တော် ဧပြီ ၃

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၀/၂ အမှတ်(၃)လမ်းဆုံ မော်တော်ယာဉ် စစ်ဆေးရေး ဂိတ်တွင် စခန်းမှူး ရဲအုပ်အောင်သင်းဦးနှင့် အဖွဲ့ဝင်များက ယာဉ်များအား စစ်ဆေးနေစဉ် ပဲခူး-ဥသာမြို့သစ်နေ ဦးဥက္ကာ ရောက်ရှိလာပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးရှိ အော်ရီဒူး တာဝါတိုင်မှ ဘတ္ထရီအိုးနှင့် ကေဘယ်ကြိုး များ ခိုးယူခံရကြောင်း သတင်းပေး သဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ ဧပြီလ ၂ ရက်နေ့  ယမန်နေ့ညနေ ၆နာရီ မိနစ်(၄၀) တွင် နေပြည်တော် ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်ဇင်ဟိန်းနှင့် ယာဉ်ပေါ်တွင် ဖြိုးကျော်စီးနင်း လိုက်ပါလာသော PROBOX Taxi ယာဉ်အား ရှာဖွေရာ ၁၂ ဗို့ဘတ္ထရီအိုးမျိုးစုံ (၅)လုံး ၊ ကေဘယ်ကြိုး အရှည်ပေ (၄၀)ခန့်(၄)ချောင်း၊ ဖိုက်ဘာ ဦးထုတ်(၁)လုံး၊ တစ်ပေပတ်လည်ခန့် လက်သမားသုံး ဖိုက်ဘာသေတ္တာ (၁)လုံးနှင့် ၀က်အူလှည့် မျိုးစုံ၊ဂွင်း၊ ဂွ၊ ပလာယာ၊ စကူဆိုက် မျိုးစုံ တို့အား သိမ်းဆည်းရမိသည်။

သိမ်းဆည်းရမိသော ပစ္စည်းများနှင့် ပက်သက်၍ ၄င်းတို့အား စစ်ဆေးမေးမြန်း ရာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မိုင်တိုင်အမှတ် ၈၅ နှင့် ၉၀ ကြား ဖဒိုနယ်မြေ ရဲစခန်းအပိုင်ရှိ အော်ရီဒူး၊ တယ်လီနော တာဝါတိုင်များမှ ခိုးယူ လာကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဖဒိုနယ်မြေ ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြား၍ ဖမ်းဆီးရမိသူ နှစ်ဦးနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများအား စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန်-မန္တလေး အမြန်လမ်းဘေး ဆက်သွယ်ရေး တာဝါတိုင်မှ ဘတ္ထရီအိုးနှင့် ကေဘယ်ကြိုးများ ခိုးယူသူ ဖမ်းဆီးရမိ ရန်ကုန်-မန္တလေး အမြန်လမ်းဘေး ဆက်သွယ်ရေး တာဝါတိုင်မှ ဘတ္ထရီအိုးနှင့် ကေဘယ်ကြိုးများ ခိုးယူသူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:55 Rating: 5
Powered by Blogger.