မြစ်သား ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ဧပြီ၂၉ရက် နံနက် ၁၁ နာရီမှ နေ့လည် ၂နာရီအထိ မိုးသည်း ထန်စွာရွာ သွန်းခြင်း၊ လေပြင်း တိုက်ခြင်း၊ မိုးသီးကြွေခြင်းတို့ကြောင့် ရပ်ကွက်/ကျေးရွာ(၁၇)ခု၊ အိမ်ခြေ (၁၈၈)အိမ်တို့ လေဘေးသင့်ကာ အိမ်အမိုးများလန်ခြင်း၊ သစ်ပင်များ လဲခြင်း၊ မြို့တွင်းဓါတ်တိုင်များနှင့် မဟာဓါတ်အားလိုင်းမှ တာဝါတိုင် (၄)တိုင်လဲခြင်း၊ ကြော်ငြာဆိုင်းဘုတ်ကြီးများလဲခြင်း၊ သစ်ပင်ပိ၍ (၁)ဦး သေဆုံးပြီး (၂)ဦးဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။
လေဘေးသင့် နေရာများသို့ သံချပ်ကာပြင်ဆင်ရေးတပ်၊ သံချပ်ကာ သင်တန်းကျောင်း၊ လေကြောင်းရန် တပ်၊ တင့်ကားတပ်ရင်းများမှ အရာရှိစစ်သည်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ကယ်ဆယ်ရေး တပ်ဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များက လည်းကောင်း မဟာဓါတ်အား လိုင်း တာဝါတိုင်များသို့ ကျောက်ဆည်ခရိုင် လျှပ်စစ် မန်နေဂျာနှင့်အဖွဲ့တို့ ကလည်းကောင်း သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။
ရဲဝင်းထွန်း(မြစ်သား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြစ်သား မြို့ နယ်တွင် အိမ်ခြေ ၁၈၀ ကျော် လေဘေးသင့် ၊ သစ်ပင်ပိ၍ ၁ ဦး သေဆုံး၊ (၂)ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
17:33
Rating:
