မြ၀တီမြို့ တွင် ယာဉ်တိုက်ဖြစ် အမျိုးသားတစ်ဦး သေဆုံး
ကုန်တင်ယာဉ်နှင့် ဆိုင်​ကယ်​တို့ မျက်​နှာချင်းဆိုင်​ တိုက်မိ၍ ဆိုင်​ကယ်​မောင်းသူ ပွဲချင်းပြီး​သေဆုံး
မြ၀တီ၊ ဧပြီ၂
မြ၀တီ မြို့ ၊အမှတ်​(၄) ရပ်​ကွက်​၊ ​ အာရှလမ်းတွင်​၊ MBM Company ရှေ့တွင် ဧပြီလ ၁ရက်​​နေ့ ည​နေ ၅နာရီအချိန်​ခန့်​က ထိုင်းနိုင်ငံဘက်မှ သံချောင်းများတင်ဆောင်လာသည့် ကုန်​တင်​ယာဉ်​နှင့်သင်္ဃန်းညီနောင်ဘက်မှမြ၀တီမြို့ဘက်သို့မောင်းနှင်လာသည့် ဆိုင်​ကယ်​တို့ မျက်​နှာချင်းဆိုင်​ တိုက်မိ​ခြင်း ​ကြောင့်​ ဆိုင်​ကယ်​မောင်းသူ ပွဲချင်းပြီး​သေဆုံးခဲ့ကြောင်း မြ၀တီမြို့မရဲစခန်းမှသိရသည်။
ထိုင်းနိုင်​ငံ မဲဆောက်ဘက်မှလာသော Hino(၆)ဘီး ကုန်တင်ယာဉ်တစ်စီးသည် ထိုင်း-မြန်မာ ချစ်​ကြည်​​ရေးတံင်္တားမှ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်ဘက်သို့ ​မောင်းနှင်​လာစဉ် မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြေနီကုန်းအပိုင်၊ MBM Companyအရှေ့တွင် မျက်နှာချင်းဆိုင်မောင်းနှင်လာသောဆိုင်ကယ်အားဝင်ရောက်တိုက်မိမှုကြောင့် သင်္ဃန်းညီနောင်ဘက်မှ၊ အမည်မသိမောင်းနှင်လာသည့် Honda Wave I 125 ဆိုင်ကယ်အပြာရောင်မောင်းနှင်သူမှာအခင်းဖြစ်နေရာတွင် ဦးခေါင်းကွဲကြေသေဆုံးသွားကြောင်းသိရသည်။
ဓါတ်ပုံ - ထိုင်းနိုင်ငံဘက်မှကုန်တင်ယာဉ်ဖြင့်တိုက်မိမှုကြောင့် သေဆုံးသွားသောမြန်မာနိုင်ငံသား(အမည်၊လိပ်စာ စုံစမ်းဆဲ)
အမည်မသိမောင်းနှင်လာသည့် Honda Wave I 125 ဆိုင်ကယ်အပြာရောင်မောင်းနှင်သူမှာအခင်းဖြစ်နေရာတွင်သေဆုံးသွားခြင်းကြောင်း သေဆုံးသူနေရပ်လိပ်စာနှင့်အမည်အားစုံစမ်းဆဲဖြစ်ပြီး ထိုင်းနိုင်​ငံသားယာဉ်​​မောင်းမှာ အခင်းဖြစ်မော်တော်ဆိုင်ကယ်အား မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်သော်လည်း ကားအားရပ်ပေးခြင်းမရှိဘဲ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်သို့ဆက်လက်​မောင်းနှင်​ထွက်​​ပြေးသဖြင့်​ အမှတ်​(၇၃)ယာဉ်​ထိန်​ရဲတပ်​ဖွဲ့ မှရဲအုပ်​၀င်းသန်းနှင့်အဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပြီး ကုန်​တင်​ယာဉ်​အား မဆင်​မခြင်း​မောင်းနှင်ကာသူတစ်ပါးအသက်အား သေကြေပျက်စီးစေသူ ထိုင်းနိုင်​ငံသာMr.Nubthawat(၃၆)နှစ်​(ဘ) ဦး​လောဝမ်​ ၊ မဲ​ဆောက်​မြို့နေထိုင်သူအားံ မြ၀တီမြို့မရဲစခန်းမှယာဉ်(ပ)၂၀/၂၀၁၇ ရာဇသတ်​​ကြ်ီပုဒ်မ ၃၀၄(က)/၂၀ဖြင့်​အ​ရေးယူစစ်​​ဆေးလျှက်​ရှိကြာင်းသိရသည်။
တင်ဝင်းလှိုင်(ကော့ကရိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Powered by Blogger.