နမ့်ဆန် ဧပြီလ(၁၉)ရက်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မန်လွယ် ကျေးရွာအုပ်စု၊ (အထက်) မန်လွယ်ကျေးရွာတွင် ဧပြီလ(၁၉)ရက်နေ့ နံနက် ၄ နာရီခန့်က ဦးအိုက်ဟိန်း(ဘ) ဦးတာကွန်ဖောင် ၏နေအိမ်၌ မီးကြွင်းမီးကျန်မှတဆင့် မီး စတင် လောင်ကျွမ်းခဲ့ကြောင်း သိရှိ ရသည်။
မီးလောင်မှုသတင်းရလျှင်ရခြင်း တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည် သူတို့ ၀ိုင်းဝန်း ပူးပေါင်းပြီး ငြိမ်းသတ်ခဲ့ရာ နံနက်(၅)နာရီ အချိန် ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ်(၃)လုံး မီးလောင် ဆုံးရှုံးခဲ့ ကြောင်း သိရှိရသည်။
အဆိုပါမီးဘေးသင့် ပြည်သူများအား နေထိုင်စားသောက်ရေး အဆင်ပြေစေ ရန် အတွက် (အထက်) မန်လွယ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တွင် ကယ် ဆယ်ရေး စခန်းများ ဖွင့်လှစ်၍ စီစဉ်ဆောင် ရွက်ပေးထားပြီး၊ မီးလောင် မှုဖြစ် ပွားသည့် ဦးအိုက်ဟိန်းအား နမ့်ဆန်မြို့ မြို့မရဲစခန်းမှ ဥပဒေ အရ အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျောက်မဲ ခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နမ့်ဆန်မြို့ အထက်မန်လွယ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
17:27
Rating: