ဧပြီလ ၁၈ ရက်
မြိတ်မြို့ ပါရမီ ၂ ရပ် ယုဇနလမ်း အမှတ် ၁၈၁၂ ဒေါ်အေးအေးနွဲ့ ပိုင်ဆိုင်သော အလျား ၃၀ ပေ အနံ ၅၀ ပေရှိ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း နေအိမ်တွင် ည ၉း၁၆ နာရီ က ဘုရားစဉ်အနီးတွင်ထွန်းထားသော 5 W မီးသီး အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ အနီးရှိ ပါကင်စက္ကူအဟေင်းများသို့ ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုအား မီးငြိမ်းသတ်ယာဉ် ၁၁ စီးဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်ဝန်းငြိမ်းသတ်မှုကြောင့် ၉း၃၀ နာရီခန့်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် အမိုးသစ်သားတန်း။ ဝါးထရံ။ မိန်းခုံ။ ဝါယာကြိုးနှင့် ပါကင်စက္ကူ အနည်းငယ် မီးလောင်ကျွမ်းခဲ့ပြီးကျပ် ၁၀၄၀၀၀ိ/ခန့် ရှုံးဆုံးခဲ့ကြောင်း။ မီးစတင်လောင်ကျွမ်းချိန်တွင် မီးသတ်ဆေးဗူးဖြင့် ငြိမ်းသတ်ထားခြင်းမရှိကြောင်း မီးသတ်ဦးစီးဌာန မှ သိရသည်။
ရိုက်ကူးပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြိတ်မြို့ ပါရမီ ၂ ရပ်တွင် နေအိမ်တစ်လုံး မီးလောင်
Reviewed by THITHTOOLWIN
on
08:50
Rating: