ကမ္ဘောဇဘဏ်မှ ငွေ(၁၆) သိန်းကျော်ခန့် ငွေထုတ်လာသူ နောက်မှ ဆိုင်ကယ်ဖြင့်လိုက်ကာ ငွေနှင့် ဆိုင်ကယ်ခိုးယူသူ များအား ဖမ်းဆီးရမိ
(၁၈.၄.၂၀၁၇) ရက်နေ့ ညနေ (၃)နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းတွင်နေထိုင်သူ ဦးမင်းအောင် သည် ၄င်း ၄၁ ယ ၉၅၇၇၇၇ ဆိုင်ကယ်ဖြင့် ကမ်းနားလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ မှ ငွေ (၁၆) သိန်းကျော်ခန့်အား ထုတ်ယူပြီး ဆိုင်ကယ်ဖင်ထိုင်ခုံအောက်တွင် ထည့်လျက်နေအိမ်သို့ ပြန်လာစဉ် မိတ်ဆွေဖြစ်သူရှိရာ ငွေလမင်းဆားစက်ရှေ့ တွင် ဆိုင်ကယ်သော့မဖြုတ်ပဲ စကားဝင်ပြောပြီး ခဏအကြာ ဆိုင်ကယ်အား ထွက်ကြည့်ရာ လူ(၃) ဦးမှ ဆိုင်ကယ်ကို ခိုးယူ သွားသဖြင့် ပုသိမ်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ရာ ပုသိမ်မြို့မရဲစခန်း (ပ) ၁၃၆/၁၇ ပုဒ်မ ၃၇၉/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။
အခင်းဖြစ်နေရာသို့ ပုသိမ်မြို့နယ်မှူး ရဲမှူး သောင်းကြည် ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးသူ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ပြီး ပုသိမ်မြို့ပေါ်အတွင်း အဖွဲ့များခွဲလျက် လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့စုံစမ်းခဲ့ရာ ရဲအုပ် ဇော်မင်းထွန်းနှင့်နယ်ထိန်း တပ်ဖွဲ့ဝင် များသည် ည (၈) နာရီခန့်တွင် အမာခံသတင်းပေးများ ပြည်သူများဧင်္ သတင်းပေးချက်အရ ပြစ်မှုကျုးလွန်သူ အောင်မြင့မြတ် ၂၀ နှစ် မဟာဗောဓိလမ်း ရအက (၈) နှင့် ငြိမ်းချမ်းအောင် ၂၀ နှစ် ဆည်မြောင်းဝန်း အမှတ် (၂) ရပ်ကွက် နေသူ တို့အား ဖမ်းဆီးရမိပြီး ၄င်းတို့ နေအိမ်အသီးသီးရှိ ဗီဒိုအတွင်းမှ ခိုးယူရရှိသည့်ငွေ (၁၁) သိန်းကျော်အား လည်းကောင်း ထွက်ပြေးနေသည့် ကျန်တရားခံ ဝေဖြိုးအောင် နေအိမ်ဗီဒိုအတွှင်းမှ ငွေ (၄) သိန်းကျပ်အားလည်းကောင်း စုစုပေါင်း ၁၅၂၈၀၀၀ ကျပ်အား အချိန်တို အတွင်းပြန်လည်သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့ခိုးယူခဲ့သော ဆိုင်ကယ်အား ပုသိမ်တက္ကသိုလ်သို့ သွားသည့် လမ်းဘေးတွင် ဝှက်ထားသဖြင့် ပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။
Zaw Min Tun
ကမ္ဘောဇဘဏ်မှ ငွေ(၁၆) သိန်းကျော်ခန့် ငွေထုတ်လာသူ နောက်မှ ဆိုင်ကယ်ဖြင့်လိုက်ကာ ငွေနှင့် ဆိုင်ကယ်ခိုးယူသူ များအား ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
09:09
Rating: