လူဝင်မှု ကြီးကြပ်ရေး စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေမှုတွေ ရှိနေတယ်လို့ သမ္မတထရမ့်ပြော |
Wisconsin ပြည်နယ်မှာ ရှိတဲ့ စက်ရုံတခုမှာ အဲဒီအမိန့်ကို လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတ ထရမ့်က ဒါဟာ သမိုင်းဝင်မယ့် အမိန့်ဖြစ်ကြောင်း သူ့အစိုးရဟာ အမေရိကန်ထုတ် ကုန်ပစ္စည်းတွေကိုပဲ အသုံးပြုဖို့နဲ့ အမေရိကန် အလုပ်သမားတွေကိုပဲ ငှားရမ်းဖို့ အားသွန်ခွန်စိုက် အားပေးသွားမှာ ဖြစ်ကြောင်း၊ အမေရိကန်ကိုပဲ ရှေ့တန်းတင်သွားမယ် ဖြစ်ကြောင်း ပြောသွားပါတယ်။
လူဝင်မှု ကြီးကြပ်ရေး စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အလွဲသုံးစား အသုံးချနေမှုတွေကြောင့် အမေရိကန် အလုပ်သမားတွေနေရာမှာ တခြားနိုင်ငံက လူတွေ လခနည်းနည်းနဲ့ အစားထိုး ခိုင်းတာတွေ ဖြစ်လာနေတယ်လို့ ပြောသွားပါတယ်။
အမေရိကန်တွေရဲ့ နေရာကို အစားထိုးဖို့ ပြည်ဝင်ခွင့် ဗီဇာတွေကို အသုံးမချသင့်ဘူးလို့ သူက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ သမ္မတ လုပ်ပိုင်ခွင့် အမိန့်တခု မစ္စတာထရမ့် လက်မှတ်ထိုး
Reviewed by THITHTOOLWIN
on
08:49
Rating: