မြန်မာ MIG တိုက်လေယာဉ်တွေကို ရုရှား အဆင့်မြှင့်တင်ပေး

( ဓါတ်ပုံ - MIG-29 တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ် )
မြန်မာအစိုးရလေတပ်က ဝယ်ယူခဲ့တဲ့ ရုရှားနိုင်ငံလုပ် MIG-29 တိုက်လေယဉ်ပျံ ၁ဝ စင်းကို မော်စကိုမြို့အနီးက စက်ရုံတွေမှာ အဆင့်မြှင့် မွန်းမံတတ်ဆင်မှုတွေ ယခုလတ်တလော ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

မလေးရှားမှာ အရင်အပတ်ကကျင်းပတဲ့ လေကြောင်းပြပွဲကို တက်ရောက်ခဲ့တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့က အဲဒီသတင်းကို ပြောကြားခဲ့တာဖြစ်ပြီး အလားတူ MIG- 29 တိုက်လေယာဉ်ပျံတွေ ဝယ်ယူထားတဲ့ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေကိုလည်ြး မန်မာ့တပ်မတော်နည်းတူ အဆင့်မြင့်မွန်းမံမှုတွေ ပြုလုပ်ဖို့ ရုရှားကကမ်းလှမ်းခဲ့တယ်လို့ မနေ့ကရတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရဟာ အဲဒီ MIG -29 တိုက်လေယာဉ်ပျံ ၁ဝ စင်းကို ၂ဝဝ၁ ခုနှစ်က ဝယ်ယူခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှာ နောက်ထပ် ၁၆ စင်းဝယ်ယူခဲ့ပါတယ်။ ထပ်မံဝယ်ယူတဲ့ တိုက်လေယာဉ်တွေထဲက ၆ စင်းဟာ ပိုပြီးအဆင့်မြင့်တဲ့ MIG-29SE အမျိုးအစားတွေဖြစ်ပါတယ်။ တပါတည်းဝယ်ယူခဲ့တဲ့ လေ့ကျင့်ရေးတိုက်လေယဉ် ၆ စင်းကိုပါ ထည့်သွင်းမယ်ဆိုရင် မြန်မာလေတပ်မှာ လက်ရှိအားဖြင့် MIG-၂၉ တိုက်လေယာဉ် ၃၂ စင်းရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာ MIG တိုက်လေယာဉ်တွေကို ရုရှား အဆင့်မြှင့်တင်ပေး မြန်မာ MIG တိုက်လေယာဉ်တွေကို ရုရှား အဆင့်မြှင့်တင်ပေး Reviewed by THITHTOOLWIN on 11:00 Rating: 5
Powered by Blogger.