KIA အား အကြမ်းဖက်သောင်းကျန်းသူဟု ပေးပို့သည့်ကိစ္စ ပြန်လည်ပြင် ဆင်ပေးပို့ရန် ကချင်ဝန်ကြီးချုပ် ညွှန်ကြားထားသည်ဆိုသည့် စာထွက်ပေါ်


ကချင်လွတ်လပ်ရေး တပ်မတော်(KIA) အား အကြမ်းဖက်သောင်းကျန်းသူ သုံးနှုန်းထားသည့် စာအားပေးပို့သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြန်လည်ပြင် ဆင်ပေးပို့ရန် နယ်လုံဝန်ကြီးအား ကချင်ဝန်ကြီးချုပ်က ညွန်ကြားထားကြောင်း ဆိုသည့် ညွန်ကြားချက်စာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထွက်ပေါ် လာခဲ့သည်။

အဆိုပါညွန်ကြားချက်စာတွင် မတ်လ ၆ ရက်စွဲပါ စာအမှတ်၊ ၅/၈-၁(၈)/လုံခြုံနယ်စပ် (ကချင်)စာတွင် ပါဝင်သည့် အချက်နှင့် ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ပေးပို့ရန် မတ်လ ၈ ရက်နေ့စွဲဖြင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးထံ လိပ်မှုကာပေးပို့ ၀န်ကြီးချုပ်ကိုယ်စား ပေးပို့ထားကြောင်း သိရသည်။

KIA (ကချင်)အကြမ်းဖက် သောင်းကျန်သူအဖွဲ့မှ ထောင်ထားသော တိုက်မိုင်း ၁ လုံးအား မိုင်းနင်းမိပေါက်ကွဲ၍ ဒေသခံရွာသား ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဗိုလ်မှူးကြီး မရန်ဇော်တောင်အား ရည်ညွန်းပါစာဖြင့် လိပ်မူ အကြောင်းကြားပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ မိတ္တူပေးပို့ လာမှုအပေါ် ၀န်ကြီးချုပ်က မှတ်ချက်ပြု ပြောကြားခဲ့ကြောင်းဆိုသည်။

ဝန်ကြီးချုပ်က “ကန့်ကွက်စာပါ အကြမ်းဖက် သောင်းကြမ်းသူအဖွဲ့ဟု သုံးနှုန်းခြင်းသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေသည့် အသုံးအနှုန်း ဖြစ်သောကြောင့် နောက်နောင်တွင် အစိုးရအဖွဲ့ ၀န်ကြီးဌာနအနေဖြင့် လုံးဝသုံးစွဲခြင်းမပြုရန် ၀န်ကြီးအား အကကပါ” ဟု ဆိုထားသည်။

ယင်းအတွက် ၀န်ကြီးချုပ် မှတ်ချက်အား သိရှိဆောင်ရွက်နိုင်ပါရန် အကြောင်းကြား ထားကြောင်း အဆိုပါ ညွန်ကြားချက်စာ ဖော်ပြချက်အရ သိရသည်။

KIA ဗိုလ်ချုပ်ဂွမ်မော်မှ ၂၀၁၇ ခုနှစ် မတ်လက ၎င်းကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာပေါ်တွင် “ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ၂၀၁၇ မတ်လ ၆ ရက်နေ့ KIO သို့ပေးပို့သော စာကို ယနေ့ရရှိ။ ပေးပို့စာတွင် KIA (ကချင်) အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဟု ရေးသားပေးပို့ပါသည်” ဟု လက်ရေးမှုဖြင့် ရေးသားထားသည့် စာတစ်စောင်တင်ထားသည်။

စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies/
KIA အား အကြမ်းဖက်သောင်းကျန်းသူဟု ပေးပို့သည့်ကိစ္စ ပြန်လည်ပြင် ဆင်ပေးပို့ရန် ကချင်ဝန်ကြီးချုပ် ညွှန်ကြားထားသည်ဆိုသည့် စာထွက်ပေါ် KIA အား အကြမ်းဖက်သောင်းကျန်းသူဟု ပေးပို့သည့်ကိစ္စ ပြန်လည်ပြင် ဆင်ပေးပို့ရန် ကချင်ဝန်ကြီးချုပ် ညွှန်ကြားထားသည်ဆိုသည့် စာထွက်ပေါ် Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.