ဦးဖြိုးမင်းသိန်း၏ ကျန်းမာ​ရေး တိုးတက်​​ကောင်းမွန်​၊ မကြာခင်​ အလုပ်​တာဝန်​များကို ထမ်း​ဆောင်​​မည်​ဟုဆို

ဦးဖြိုးမင်းသိန်း၏ ကျန်းမာ​ရေး တိုးတက်​​ကောင်းမွန်​၊ မကြာခင်​ အလုပ်​တာဝန်​များကို ထမ်း​ဆောင်​​မည်​ဟုဆို
ရန်ကင်းကလေးဆေးရုံကြီး၌ နှလုံးခွဲစိတ်၍ ဆေးကုသမှုခံယူ​နေ​သော ရန်ကုန်တိုင်းဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်း၏ ကျန်းမာ​ရေးအခြေအနေ တိုးတက်​​ကောင်းမွန်​​နေသည့်​အတွက်​ မကြာခင်​ တာဝန်​ပြန်လည်ထမ်း​ဆောင်​​တော့မည်​ဖြစ်​​ကြောင်း သိရသည်။

"ဝန်​ကြီးချုပ်ရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေက ​ကောင်းတယ်​။ ဒါဟာ မြန်​မာနိုင်​ငံ မှာ ပထမဦးဆုံးလုပ်​တဲ့ operation ပဲ။ ဝန်​ကြီးချုပ်​ရဲ့ ​သွေးလွှတ်​​ကြောမကြီးတခုလုံးကို ဖြုတ်​ပစ်​ပြီး​တော့ အတုတပ်​လိုက်​တယ်​။ N-health လို့​ခေါ်တဲ့ ထိုင်းကကုမ္ပဏီက​နေပြီး​တော့ အစုံ ၈ စုံယူလာတယ်​။ အဲဒီ ၈စုံထဲက ​တော်​တဲ့တစုံကို တိုင်းပြီး​တော့ တပ်​လိုက်​တယ်​။ အခုဝန်​ကြီးချုပ်​ လမ်း​လျှောက်​လို့ ရ​နေပြီ။ ဒီ​နေ့​တောင်​ ​ဆေးရုံက ဆင်းရင်​ ဆင်းမယ်​"ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦဇော်အေးမောင်က News Watch သို့ မတ်​လ ၁၂ ရက်​​နေ့တွင်​​ပြောသည်​။

ဦးဖြိုးမင်းသိန်းသည်​​ မွေးရာပါနှလုံးအဆို့ရှင် မလုံခြင်းနှင့် ဆိုင်သော သွေးကြောမကြီး ကြီးနေခြင်းအတွက် မတ်လ ၅ ရက်နေ့တွင် ရန်ကင်းကလေးဆေးရုံကြီး၌ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသမှု ခံယူခဲ့သည်။

ဆေးကုသမှုခံယူနေစဉ်ကာလအတွင်း ၀န်ကြီးချုပ်၏ တာဝန်များကို လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင် ထွန်းအောင်က ခေတ္တတာဝန်ယူထား​ကြောင်း သိရသည်​။

လင်းလင်း​အောင်
ဓါတ်ပုံ-ရွှေဖီး
News Watch
https://www.facebook.com/NewsWatchJournal/
ဦးဖြိုးမင်းသိန်း၏ ကျန်းမာ​ရေး တိုးတက်​​ကောင်းမွန်​၊ မကြာခင်​ အလုပ်​တာဝန်​များကို ထမ်း​ဆောင်​​မည်​ဟုဆို ဦးဖြိုးမင်းသိန်း၏ ကျန်းမာ​ရေး တိုးတက်​​ကောင်းမွန်​၊ မကြာခင်​ အလုပ်​တာဝန်​များကို ထမ်း​ဆောင်​​မည်​ဟုဆို Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.