မော်လမြိုင်မြို့ရှိ ဆီဆုံရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဆီဆုံရပ်ကွက်၊ မြို့ပတ်လမ်းရှိ အိမ်အမှတ်(၃၆)မှာ မတ်လ(၁၁)ရက်နေ့၊ နေ့လည်(၁၁)နာရီ(၁၅)မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ မော်လမြိုင်မြို့၊ ဆီဆုံရပ်ကွက်၊ မြို့ပတ်လမ်းရှိ ဒေါ်နော်နော်ခင် (ခေါ်) ဒေါ်သန်းမြင့် ပိုင်ဆိုင်တဲ့ (၁၂×၂၅)ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်အပေါ်ထပ်ရှိ ပလပ်ခုံကနေ နေအိမ်အနောက်ဘက်ရှိ ဦးညီညီဇော်အခန်းကို လျှပ်စစ်မီးပေးထားတဲ့ ၀ါယာကြိုး အပူလွန်ကဲရာက တစ်ဆင့် နေအိမ်နံရံကို မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဒိုင်းဝန်ကွင်းရဲတပ်ဖွဲ့စခန်းကနေသိရပါတယ်။

အဲ့ဒီမီးလောင်မှုဖြစ်စဉ်ကြောင့် (၃)ပေပတ်လည်ထရံတစ်ချပ်၊ စောင်နဲ့ခြင်ထောင်၊ အိပ်ယာခင်းတစ်ချို့မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဖိုးအားဖြင့်ငွေကျပ်(၂၀၀၀၀)ဖိုးခန့်ရှိတယ်လို့မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနကသိရပါတယ်။ အဲ့ဒီမီးလောင်မှုကိုမော်လမြိုင်မြို့နယ်မီးသတ်စခန်းကမီးငြှိမ်းသတ်ယာဉ်(၃)စီး၊မြိုင်သာယာနယ်မြေမီးသတ်စခန်းကမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့နဲ့ထွက်ခွာခဲ့ပေမယ့်မီးငြှိမ်းသတ်ယာဉ်ကိုအသုံးမပြုလိုက်ရပဲရပ်ကွက်နေပြည်သူတွေက၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာမနက်(၁၁)နာရီ(၂၀)မိနစ်မှာမီးထိန်းနိုင်ခဲ့ပြီး(၁၁)နာရီ(၂၁)မိနစ်မှာမီးလုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီမီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးမီးကိုပေါ့ဆစွာအသုံပြုသူ အိမ်ပိုင်ရှင်ဒေါ်နော်နော်ခင်(ခေါ်)ဒေါ်သန်းမြင့်၊ အသက်(၇၀)ကို မော်လမြိုင်မြို့နယ်၊ ဒိုင်းဝန်ကွင်းရဲတပ်ဖွဲ့စခန်းမှ(ပ-၂၀၀/၂၈၅/၂၀၁၇)ဖြင့် အမှုဖွင့်လှစ်အရေးယူဆောင် ရွက်ထားတယ်လို့သိရပါတယ်။ ဒီသတင်းကိုမော်လမြိုင်ဗျူရိုမှ သတင်းထောက်ဗထူးကပေးပို့ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
မော်လမြိုင်မြို့ရှိ ဆီဆုံရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား မော်လမြိုင်မြို့ရှိ ဆီဆုံရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.