အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး မွေးနေ့ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြု


ရန်ကုန်၊ မတ် ၁၂ ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရ ဦးတင်ဦး၏ အသက် ၉၀ နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားသို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြုကာ မွေးနေ့ လက်ဆောင်ပေးအပ် ခဲ့ကြောင်း NLD ပါတီ မှ ကိုဗညားက ပြောသည်။


မွေးနေ့ပွဲအခမ်းအနားကို ယနေ့ ( မတ်လ ၁၂ ရက်) နံနက် ၈း၃၀ တွင် ရန်ကုန်မြို့ရှိသူရဦးတင်ဦးနေအိမ်တွင် ကျင်းပပြုလုပ်ခဲု့ခြင်းဖြစ်ကြောင်း လည်း ၄င်းကပြောသည်။

" အမေစုက ဘဘဦးတင်ဦးကို ကန်တော့ပြီး၊ ဘဘရဲ့ ကျန်းမာရေးအခြေအနေကိုမေးမြန်းပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေကိုလည်း ဘဘ ရဲ့ ကျန်းမာရေးကို ၀ိုင်းဝန်းဂရုစိုက်ကြဖို့ မှာကြားပါတယ် "ဟု ကိုဗညားကပြောသည်။

ရဲထက်ကျော်
PHOTO- AHN
The Asia Heart News
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး မွေးနေ့ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး မွေးနေ့ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြု Reviewed by THITHTOOLWIN on 12:12 Rating: 5
Powered by Blogger.