နေအိမ်အပေါ်ထပ်၏ အိပ်ယာပေါ်တွင် ဖုန်းအားသွင်းခဲ့ရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား |
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် (၇) မိုင် အောင်မြေကျေးရွာ၌ နေအိမ်အပ်ါထပ်၏ အိပ်ယာတွင် ဖုန်းအားသွင်းခဲ့ရာမှ အပူလွန်ကဲ၍ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ်လ ၁၃ ရက် ညနေ ၅ နာရီ ၄၁ မိနစ်ခန့်က မိုးမောက်မြို့နယ် (၇)မိုင် အောင်မြေကျေးရွာ ဘုံကျောင်းလမ်းကြားရှိ ဦးဝမ်ဆိုင်းချွမ့် (ဘ)ဦးဝမ်ရင်တဲ့၏နေအိမ်တွင် မီးလောင်နေကြောင်းသတင်းအရ မီးလောင်ရာသို့ မိုးမောက်မြို့နယ်မီးသတ် ဦးစီးဌာန စခန်းတာဝန်ခံ ဦးစိုးသူထိုက် ဦးစီးသော သန္ဓေတပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၅)ဦးနှင့် မီးငြိမ်းသတ် ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၂) စီးဖြင့် ညနေ ၅ နာရီ ၄၈ မိနစ်တွင် စတင်မီးငြိမ်းသတ်ခဲ့ရာ ဗန်းမော်ခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းကျော် ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် (၉) ဦး နှင့်မီးသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီးဖြင့် လာရောက် ကူညီ၍ ညနေ ၅ နာရီ ၅၃ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်မှုမှာ နေအိမ်အပေါ်ထပ်၏ အိပ်ယာပေါ်တွင် ဖုန်းအားသွင်း ခဲ့ရာမှ အပူလွန်ကဲ၍ မွေ့ယာအား မီးလောင်ကျွမ်းရာမှတဆင့် (၃ဝx၃ဝ)ပေ သွပ်မိုး၊ ထံရံကာ၊ ပျဉ်းခင်း၊ မြေစိုက်၊ ခြေတံရှည် နေအိမ်တစ်လုံး မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးမောက်မြို့နယ်တွင် ဖုန်းအားသွင်းခဲ့ရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
22:26
Rating: