အိန္ဒိယ ပြည်နယ်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ပါတီ အနိုင်ရ

Uttar Pradesh ပြည်နယ်ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းနေတဲ့ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi (March 4, 2017)
အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ရဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအဖြစ် ရှုမြင် ထားကြတဲ့ အဓိက ပြည်နယ်တွေက လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ BJP ပါတီက အသာရနေ ပါတယ်။ အိန္ဒိယကို Narendra Modi တာဝန်ယူ အုပ်ချုပ်လာတာ ၃ နှစ် သက်တမ်း ရှိနေပါပြီ။ Uttar Pradesh အူတာ ပရာဒက်ရှ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၄၀၃ နေရာ အတွက် အာဏာရ BJP ပါတီ က ၂၉၃ နေရာနဲ့ ရှေ့က ဦးဆောင်နေ တယ်လို့ ရွေးကောက် ပွဲကော်မရှင်က ပြောပါတယ်။ ခုလက်ရှိ အချိန်ထိ မဲအရေအတွက် ၃ ပုံ ၁ ပုံ နီးပါးကို ရေတွက် ပြီးပါပြီ။

Uttarakhand ပြည်နယ်မှာလည်း BJP ပါတီက အမတ်နေရာ ၇၀ မှာ ၅၄ နေရာနဲ့ သိသိ သာသာ ဦးဆောင်နေ ပါတယ်။ Punjab ပန်ဂျပ်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ၁၁၇ နေရာအတွက် အဓိက အတိုက်အခံ ကွန်ဂရက် ပါတီက ၆၉ နေရာ ရထားပါပြီ။ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပနေတဲ့ ဂိုဟာနဲ့ မဏိပူရ် ပြည်နယ်တွေ မှာတော့ ပါတီနှစ်ရပ် အကြိတ်အနယ် ယှဉ်ပြိုင်နေ ကြပါတယ်။ ရွေးကောက်ပွဲ မဲရလာဒ်တွေကို ဒီကနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ကြေငြာ မယ်လို့ ခန့်မှန်းရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အိန္ဒိယ ပြည်နယ်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ပါတီ အနိုင်ရ  အိန္ဒိယ ပြည်နယ်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ပါတီ အနိုင်ရ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.