ဘားအံ မတ် ၃၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာအုပ်စု၊ လှိုင်ကားကျောက်တောင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျ၍ ဘားအံဆေးရုံကြီးသို့ ဆေးကုသမှုခံယူနေစဉ် ရရှိခဲ့သည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း မတ်လ(၃၀)ရက်နေ့ ည(၁၀)နာရီခွဲအချိန် အိန္ဒုနယ်မြေရဲစခန်းသို့ ဖုန်းဆက်အကြောင်း ကြား၍ တာဝန်မှူး ဒုရဲအုပ် စိုင်းဝင်းမျိုးဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ စိုးသန်းအောင်(ခ)တုတ်ပေါ၊ ၂၅နှစ်၊ (ဘ)ဦးပု၊ လှိုင်ကားကျေးရွာ၊ဘားအံမြို့နယ် နေသူဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာ မတ်လ (၃၀)ရက်နေ့ နေ့လည် (၁၁)နာရီခွဲအချိန်ခန့် သေဆုံးသူမှာ တစ်ရွာတည်းနေ ဦးရင်ထွေး၊ ဦးနိုင်ထူးတို့နှင့်အတူ ကျောက်ထုလုပ်ငန်းလုပ်ကိုင်နေစဉ် သေဆုံးသူမှ ၎င်းတို့(၂)ဦး ရေသောက်ရန်အတွက် ကျောက်တောင်ပေါ်သို့ ရေဗူးတက်ပေးစဉ် အမြင့်ပေ(၄၀)ခန့်အရောက် ခြေချော်ပြတ်ကျခဲ့သဖြင့် နဖူးထိပ်(၂)လက်မခန့်ပေါက်ပြဲသွေးထွက်ဒဏ်ရာတစ်ချက်၊ဦးခေါင်းငယ်ထိပ်(၁)လက်မခန့် ပေါက်ပြဲသွေးထွက်ဒဏ်ရာတစ်ချက်၊ ၀ဲ/ယာမျက်လုံး ဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဘားအံဆေးရုံကြီးသို့ လာရောက်ဆေးကုသမှုခံယူစဉ် ရရှိသည့်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး စိုးသန်းအောင် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် တာဝန်မှူး ဒုရဲအုပ် စိုင်းဝင်းမျိုးမှ တရားလိုပြုလုပ်ကာ အိန္ဒုနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၇)ဖြင့် ရေးဖွင်ပြီး စခန်းမှူး ရဲအုပ်ဇော်နိုင်အောင်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘားအံမြို့နယ်တွင် အမျိုးသားတစ်ဦး တောင်ပေါ်မှပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:00
Rating:
