နေပြည်တော်၊ မတ် ၁၀ ။
ရန်ကုန် - မန္တလေး လမ်း (ရန် - မန်း လမ်းဟောင်း) မိုင်တိုင် ၂၅၉ အနီးတွင် ယာဉ်တိုက်မှုကြောင့် ၂၂ ဦး ဒဏ်ရာရရှိပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် မတ်လ ၁၀ ရက်နေ့၊ နံနက် ၆နာရီ ဝန်းကျင်အချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုသည် ပျဉ်းမနား ဘက်မှ သိုင်ချောင်း ဘက်သို့ မောင်းနှင်လာသည့် ပန်းကြယ် တံခွန် မြေယာ ရှုခင်းကုမ္ပဏီမှ Canter ကားသည် ဆီ ဘောက်ဆာ ယာဉ်အား မိုင်တိုင် ၂၉၅ အနီးတွင် နောက်မှ ၀င်ရောက်တိုက်မိခဲ့ ပြီး လမ်းဘေးတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲကြေးနန်းဖော်ပြချက်အရ သိရှိရသည်။
ကုမ္ပဏီပိုင် ယာဉ်ပေါ်တွင် ပါလာသည့် ၀န်ထမ်း ၂၂ ဦးမှာ ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့ ပြီး ယာဉ်မောင်းအား ရွှေတွင်းကုန်း ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က)၊ ၃၃၈၊ ၃၃၇၊ ၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။
ကြယ်စင်ခ
Central News Myanmar
https://www.facebook.com/CNMyanmar/
ရန်ကုန် - မန္တလေးလမ်းတွင် ယာဉ်တိုက်မှုကြောင့် ၁ ဦး သေ ၂၂ ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
18:08
Rating: