မောင်တောမြို့နယ် အောင်ဇံရဲကင်းမှ လုယူခံရသည့် လက်နက် ၃လက်အနက် ဘီအေ- ၉၄ အမျိုးအစားလက်နက် ၂ လက်ပြန်လည်တွေ့ရှိ
မတ် ၁၂ ၊ ၂၀၁၇
မောင်တောမြို့နယ်အောင်ဇူနယ်မြေရဲကင်းမှလက်နက်(၃)လက်အား(အမည်နှင့်နေရပ်)စီစစ်ဆဲဒိုင်းနက်လူမျိုး(၅)ဦးမှလုယူထွက်ပြေးသည့်သတင်းအားမတ်လ၁၁ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီတွင် အောင်ဇူနယ်မြေ ခေတ္တနယ်မြေမှုးနှင့်အဖွဲ့၊ အောင်ဇံကျေးရွာပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့တို့က သေနတ်လုယူထွက်ပြေးသွားသည့် လမ်းကြောင်းများအတိုင်း လိုက်လံရှင်းလင်းခဲ့ရာ နယ်စပ်မိုင်တိုင် ၄၂ အနီး ဝေလာတောင်ချောင်းဘေး၌ ဘီအေ- ၉၄(ကျည်အိမ်မပါ) ၂ လက်အားပြန်လည်တွေ့ရှိခဲ့သည်။
မသင်္ကာသူ ၅ဦး အား အောင်ဇံရဲကင်းသို့ခေါ်၍ ၎င်းတို့နှင့်အတူပါလာသည့်ဆာလာအိတ်၊ ကျောပိုးအိတ်များကို စစ်ဆေးရာ ABCD ခလုပ်ပါ Remote ၂၁ ခု ၊ဆားကစ်ပြား ၂၁၀ ပြား၊ ဝါယာကြိုး ၂ ပင်ပါ ခလုပ်အမဲ ၃၂၅ ခု၊ တပ်မတော်အရာရှိသုံးကော်လံချပ်အဝိုင်း ၆ စုံ၊တပ်မတော်အခြားအဆင့်သုံး ကော်လံချပ် ၁၂၀ စုံ၊ ကော်ဖြင့်ပြုလုပ်ထားသည့် တပ်မတော်သုံး ဦးထုပ်တံဆီပ် ၃၇ ခု၊ဆေးဝါးများ၊ဘီယာဘူးများအပါအဝင် ပစ္စည်း ၂၇ မျိုးကိုရှာဖွေတွေ့ရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းဖော်ထုတ်လျက်ရှိရာပြစ်မှုကျူးလွန်သူ၅ဦးအနက် ၂ ဦးမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၄၃အနီး တစ်ဖက်နိုင်ငံဘက်ခြမ်းရှိကျေးရွာတွင်နေထိုင်သူ ဒိုင်းနက်လူမျိုးများဖြစ်ပြီး ကျန် ၃ ဦးမှာ မောင်တောမြို့ မြို့မဘုန်းကြီးကျောင်းတွင်နေထိုင်သူများဖြစ်ကြောင်းသိရသည်။
ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ(စိစစ်ဆဲ) ၅ ဦးသည် ခမောက်ဆိပ်ကျေးရွာတွင်နေထိုင်သူများဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့၏ဆိုင်ကယ်များအား ရွာအတွင်းထားရှိကာထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။
လက်နက်လုယူသွားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းလျက်ရှိရာဖြစ်စဉ်နှင့်ပတ်သက်ရ်ျ ဘင်္ဂလားဒေရှ့်နိုင်ငံ နယ်ခြားစောင့်တပ်သို့ ကူညီဖမ်းဆီးပေးရန် အကြောင်းကြားထားပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
မောင်တောမြို့နယ် အောင်ဇံရဲကင်းမှ လုယူခံရသည့် လက်နက် ၃လက်အနက် ဘီအေ- ၉၄ အမျိုးအစားလက်နက် ၂ လက်ပြန်လည်တွေ့ရှိ
Reviewed by THITHTOOLWIN
on
21:08
Rating: