(စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်) Photo: Nay Thiha |
အဲဒီ ဥပဒေကြမ်းကို တင်သွင်းခဲ့တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအပါအ၀င် တပ်မတော်သား နဲ့ အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ကန့်ကွက်ခဲ့ကြတာဖြစ်တယ်လို့ ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်း က ပြောပါတယ်။
" ဒီကြက်ဆူကိစ္စကို သူလည်းလုံးဝ ကန့်ကွက်ပါတယ်ဗျ၊ ကန့်ကွက်တဲ့အထဲမှာ သူလည်း ပါ,ပါတယ်ဗျ၊ ကျွန်တော်တို့ လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်တာလည်းဘဲ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တွေရောအားလုံး ကြက်ဆူကို လုံးဝအကုန်လုံး လွှတ်တော်ကတော့ တစ်ခဲနက် ကန့်ကွက်ပါတယ်ဗျ၊ လွှတ်တော်ကနေပြီးတော့မှ ဒီကိစ္စကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ပါတယ်ဗျ။ "
အဲဒီဥပဒေကြမ်းကို စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ရေးဆွဲတာဖြစ်ပြီး လာမယ့်ဘဏ္ဍာနှစ်အတွင်း ကြက်ဆူပင် အမျိုးအစား ၃ မျိုးကို ဧက ၇ သောင်းကျော် စိုက်ပျိုးဖို့ဆိုပြီး ပါရှိတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆားငန်ရေကာကွယ်ရေးစီမံကိန်းဆိုပြီးပါလာတာကိုလည်း စစ်ကိုင်းတိုင်းအတွင်းမှာ ဆားငန်ရေမရှိတာကြောင့် ကန့်ကွက်ခဲ့ကြသေးတယ်လို့လည်း ပြောပါတယ်။
ပယ်ဖျက်လိုက်တဲ့ စီမံကိန်းတွေကို တိုင်းဒေသကြီးအစိုးရကနေ ပြည်ထောင်စုထံပြန်လည်တင်ပြပြီး ဘတ်ဂျက်တွေကို ရပ်ဆိုင်းဖို့ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဦးဗိုလ်သိန်း က ပြောပါတယ်။
လာမယ့်ဘဏ္ဍာနှစ်မှာ ဌာနအလိုက်သုံးမယ့် ဘတ်ဂျက်တော်တော်များများကို ဖျက်သိမ်းပြီး ကျေးလက်ဒေသက လမ်းတံတားတွေ ဖွံ့ဖြိုးရေးအတွက်သုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲလို စီမံကိန်းတွေကို ပယ်ဖျက်လိုက်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အသုံးစရိတ်ထဲက ငွေကျပ် ၁၀ ဘီလီယံကျော် ပိုထွက်လာပြီး အဲဒီငွေတွေကို ပြည်သူတွေအတွက် အကျိုးပြုတဲ့လုပ်ငန်း တွေမှာ ပြန်လည်အသုံးပြုမယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ကြက်ဆူပင် တိုးမြှင့်စိုက်ပျိုးရေးစီမံကိန်းကို စစ်ကိုင်းလွှတ်တော် ပယ်ချ
Reviewed by THITHTOOLWIN
on
20:11
Rating: