မောင်တော၊ မတ်လ ၂၉
မောင်တောမြို့နယ် နယ်မြေ (၄) ဒေသ (၂) လိပ်ရအုပ်စု ဘုန်တော်ကြီးကျောင်းတွင် စခန်းချနားခိုနေသော ၃၅၂ တပ်ရင်းမှတပ်သား ၂ ဦးစကားများရန်ဖြစ်ကြပြီး လက်ပစ်ဗုံးအား ဆွဲးဖြုတ်လိုက်ရာ လက်ပစ်ဗုံးပေါက်ကွဲကာ ရန်ဖြစ်သူ ၂ ဦးလုံး ပွဲချင်းပြီးသေဆုံးသွားသည်ဟု အမည်မဖော်လိုသူ တပ်အရာရှိတစ်ဦးက ပြောသည်။
"သေဆုံး သွားတာက တပ်သား ဇော်မင်းထိုက်နဲ့ တပ်သား မြင့်သိန်းအောင်တို့ ၂ ဦးပါ။ ရန်ဖြစ်တာလည်း သူတို့ ၂ ဦး ဖြစ်တာပါ။ အနားမှာရှိနေတဲ့ တပ်ကြပ်ကြီး ကျော်မင်းသွင်နှင့် CQ ကြီး ကျော်ဝင်းကတော့ ဒဏ်ရာရရှိပြီး အခု စစ်ဆေးရုံတွင် ဆေးကုသခံယူနေပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒဏ်က နည်းနည်းပါတယ်။ ” ဟု ၄င်းတပ်အရာရှိက ပြောသည်။
အဆိုပါ အခင်းဖြစ်ပွားချိန်မှာ မတ်လ ၂၇ ရက်နေ့ ညနေ ၇ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းဖုံးဖိထားသောကြောင့် ယနေ့မှ သတင်းထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယင်းအပြင် မတ်လ ၂၆ ရက်နေ့ကလည်း မောရ၀တီအခြေပြု ရဲတပ်ရင်း ရဲကွက်ကဲရေးမှူးအဖွဲ့ (ရတရကခ) (၁၁) ရုံးကင်း တာဝန်ကျ ရဲတပ်သားတစ်ဦးသည် နဖူးအောက်တွင် နှစ်လက်မခန့် ဖောက်ဝင်ဒဏ်ရာနှင့် အရှက်သိက္ခာအတွက် မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးနေကြောင်း အဆိုပါရုံးက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နယ်ခြားစောင့် (နခခ) (၄) မှ ရဲတပ်သား နေမျိုးအောင်၏ ဇနီးဖြစ်သူ မခင်မာဦးအား လက်ဆွဲပြီး မဖွယ်မရာပြောဆိုကြောင်းဆိုပြီး မခင်မာဦးက အရာရှိဒုရဲမှူးထံ တိုင်းကြားရာကနေ သေဆုံးသူ ရဲတပ်သား ထွန်းသက်အောင်မှာ မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးခြင်းဖြစ်ကြောင်း ရတရကခ (၁၁) ရုံးက တာဝန်ရှိသူက ဆိုသည်။
ဓါတ်ပုံ - လိပ်ရအုပ်စု အပိုင်ပြ မြေပုံ။
ချလူးအောင်/DMG
Development Media Group
https://www.facebook.com/dmgnewsagency/
အငြင်းပွားရန်ဖြစ်ရာမှ တပ်မတော်သား ၂ ဦး လက်ပစ်ဗုံးပေါက်ကွဲ၍သေဆုံး
Reviewed by THITHTOOLWIN
on
15:40
Rating: