၁၄.၃.၂၀၁၇ ရက်နေ့
မတ်လလ ၁၄ ရက်နေ့ ဒီကနေ့ နေ့ လည် ၂ နာရီခွဲ အချိန်ခန့် က ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာအနီး၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၉/၆) နှင့်(၂၉/၇) ကြား၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး ခဲ့ကြောင်း သိရပါတယ်။
ပုသိမ်မြို့ဘက်ကနေ ရန်ကုန်မြို့ဘက်ကို ယာဉ်မောင်းဦးလှိုင်မြင့်(ခ)ကွိကွိ မောင်းနှင်ပြီး ခရီးသည်(၅)ဦး လိုက်လာတဲ့ ယာဉ်အမှတ် 4E/4997 Succeed အနက်ရောင် မော်တော်ယာဉ်ဟာ အရှိန်မထိန်နိုင်ဘဲ လမ်းရဲ့ ယာဘက်ရေမြောင်းအတွင်းကို ထိုးကျ တိမ်မှောက် သွားတာကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ (၁)ဦးသေဆုံးပြီး (၄)ဦး နာကျင်ဒဏ်ရာများ အသီးသီးရရှိသွားခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေကို နေ့ လည် ၃ နာရီခန့် မှာ ရဲဆေးစာနဲ့  ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ ဆောင်ထားရှိပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ လှိုင်မြင့်(ခ)ကွိကွိအား မဲဇလီနယ်မြေရဲစခန်းယာဉ်(ပ)၁၅/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၄-က/၃၃၈/ ၃၃၇/ ၂၇၉ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရပါတယ်။
by သစ်ထူးလွင်
ရန်ကုန်-ပုသိမ်ကားလမ်းမှာ ယာဉ်တိမ်းမှောက် တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:54
Rating: