အမေရိကန် နှင်းမုန်တိုင်းကြောင့် လေယာဉ်ပျံသန်းမှု ၆၅၀၀ ဖျက်သိမ်း


နွေဦးပေါက်ရာသီမရောက်ခင် သီတင်းတပတ်ကျော်မှာ အရှေ့ဘက်ကမ်းခြေတလျှောက် အင်းအားကြီး နှင်းမုန်တိုင်းဟာ တနင်္လာနေ့နှောင်ပိုင်း စတင်ပြီး အရှေ့မြောက်ပိုင်းကို ဖြတ်ကာ အင်္ဂါနေ့အထိ ကျရောက်နိုင်တယ်လို့ အမေရိကန် မိုးလေ၀သဌာနက သတင်း ထုတ်ပြန်ပါတယ်။

နယူးယောက်မြို့အပြင် New Jersey မြောက်ပိုင်း၊ Connecticut တောင်ပိုင်းမှာလည်း နှင်းမုန်တိုင်း သတိပေးချက်တွေကို မိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကယ်ရိုလိုင်းနားမြောက်ပိုင်း တောင်တန်းဒေသတွေကနေ မြောက်ပိုင်း Maine ပြည်နယ်အထိ ကီလိုမီတာ ၁၆၀၀ ကျော်ရှည်တဲ့ ဒေသတလျှောက်မှာလည်း နှင်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နယူးယောက်မြို့မှာ လက်မ ၂၀ အထိ နှင်းကျနိုင်ပြီး အအေးဓါတ်ကလည်း သာမှန် ရှိနေကျ ဒီဂရီထက် ပိုပြီး လျော့နဲနိုင်တယ်လို့ မိုးလေ၀သ ဌာနက ခန့်မှန်းပါတယ်။

နယူးယောက်၊ ဘော်စတွန်၊ Baltimore ၊ ၀ါရှင်တန်နဲ့ Philadelphia မြို့တွေမှာ မုန်တိုင်း အပြင်းထန်ဆုံး ကျမယ့်နေရာတွေမှာရှိတဲ့ လေဆိပ်တွေကနေ လေယာဉ် ပျံသန်းမှုပေါင်း ၆၅၀၀ ကျော်ကိုလည်း လေကြောင်းလိုင်းတွေက ကြိုတင်ပြီး ဖျက်သိမ်းထားပါတယ်။

ဝါရှင်တန်မှာ အင်္ဂါနေ့မှာ သမ္မတ Donald Trump နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkelကလည်း သောကြာနေ့အထိ ခရီးစဉ်ကို ရွေ့ဆိုင်းလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အမေရိကန် နှင်းမုန်တိုင်းကြောင့် လေယာဉ်ပျံသန်းမှု ၆၅၀၀ ဖျက်သိမ်း အမေရိကန် နှင်းမုန်တိုင်းကြောင့် လေယာဉ်ပျံသန်းမှု ၆၅၀၀ ဖျက်သိမ်း Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.