တောထဲနှစ်ရက်ကြာ ပျောက်နေသော အမွှာညီအစ်ကိုပြန်တွေ့


ကသာမြို့နယ်၊ လမ်းခွကျေးရွာမှ ဦးကျော်၊ ဒေါ်စန္ဒာမြင့်တို့ရဲ့ အမွှာပူးသား နှစ်ယောက်ဖြစ်တဲ့ အောင်မျိုးမင်းနဲ့ အောင်ဖြိုးမင်း၊ အသက်၁၄နှစ်တို့ဟာ ၁၂.၃.၂၀၁၇ မနက် ၅နာရီကတည်းက တောထဲသွားရင်း ပျောက်ဆုံးခဲ့ပါတယ်။

မိဘဆွေမျိုးများက လိုက်ရှာရာမှာ သူတို့လွယ်သွားတဲ့ တောင်းလေးတွေဘဲ တွေ့ခဲ့ရပါတယ်။ ပျောက်သွားတဲ့ အမွှာညီအစ်ကိုကို တောနင်းရှာဖွေရာမှာ ၁၃.၃.၂၀၁၇နေ့ ည၇နာရီမှာ ပြန်တွေ့ ခဲ့ရတယ်လို့ သိရပါတယ်။

တောထဲနှစ်ရက်တိုင်တိုင် မျက်စိလည် လမ်းမှားနေတာလို့ သိရပါတယ်။ အခုအချိန်မှာ ကလေးတွေရဲ့ အဖေကသူတို့သားတွေကို သွားခေါ်နေပါပြီ။ ကလေးတွေမျက်စိလည်နေတဲ့ တောဟာ ကပ်ကာရွာနဲ့ မန်စီရွာဘက်ကတော ဖြစ်တယ်လို့ သိရပါတယ်။ တစ်ချိန်ကဆိုရင် အလွန်တောနက်ခဲ့တဲ့ တောတွေဖြစ်ပါတယ်။

Aye Lwin
https://www.facebook.com/katha.ayelwin
တောထဲနှစ်ရက်ကြာ ပျောက်နေသော အမွှာညီအစ်ကိုပြန်တွေ့  တောထဲနှစ်ရက်ကြာ ပျောက်နေသော အမွှာညီအစ်ကိုပြန်တွေ့ Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.