ရွှေကျင်က ရွှေထွက်ရှိတဲ့နေရာကို တိုင်းအစိုးရ စီမံခန့်ခွဲခွင့်ရအောင် ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုထံ တင်ပြ
( ရွှေတူးဖော်နေသူများကို တွေ့ရစဉ် ) Photo: ရွှေကျင်ချစ်သူများ/ Facebook |
အဲဒီနေရာနဲ့ ပတ်သက်ပြီး ဥပဒေလုပ်ထုံး၊ လုပ်နည်းတွေလုပ်ပေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ် လို့ ပဲခူးတိုင်းဒေသကြီး၊ သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းဇံ က ပြောပါတယ်။
" ရွှေကျင်မှာပဲပေါ့နော်၊ ဒီ KNU ထိန်းချုပ်တဲ့ ဧရိယာအတွင်းလို့ကြားထားတယ်၊ ဖွဲ့စည်းပုံမှာ အလတ်စားနဲ့ အသေးစား ရွှေ၊ သတ္တုလုပ်ကွက်တွေ၊ အဲဒါတွေအတွက်ဆိုရင်တဲ့ ပြည်ထောင်စုကနေ ဥပဒေပြဌာန်းပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲမှုရအောင်ပေါ့နော်၊ အဲလိုလုပ်ပေးရမယ် ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နောက်ဆက်တွဲပြဌာန်းချက်မှာရှိတယ်၊ ကျနော်တို့က အဲဒါပြည်ထောင်စုကိုလည်း တင်ပြထားတယ်ပေါ့၊ ဥပဒေလုပ်ထုံး၊ လုပ်နည်းတွေလုပ်ပေးပါ၊ လုပ်ပေးမှ ကျနော်တို့က စီမံခန့်ခွဲလို့ရမယ်ပေါ့နော်။"
လက်ရှိ အဲဒီဒေသကို KNU တပ်မဟာ ၃ နဲ့ တပ်မတော် ခလရ ၅၈၉ တို့က ထိန်းသိမ်းထားတယ်လို့ ရွှေကျင်မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က အဲဒီနေရာတစ်ဝိုက်ကို ဒေသခံတွေ သွားလာရင်း ရွှေကြော စတင်တွေ့ရှိပြီး တဖြည်းဖြည်းနဲ့ ရွှေကျင်သူတွေ များပြားလာတာကြောင့် ခိုက်ရန်တွေဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် အခုလို ထိန်းသိမ်းထားတာလို့လည်း ပြောပါတယ်။
အရင်ဆုံးသွားရောက်တူးဖော်ခဲ့တဲ့ ဒေသခံတချို့ဟာ တနေ့ကို ရွှေချိန်ပိဿာနဲ့ချီပြီး ရရှိခဲ့တယ်လို့ လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ရွှေကျင်က ရွှေထွက်ရှိတဲ့နေရာကို တိုင်းအစိုးရ စီမံခန့်ခွဲခွင့်ရအောင် ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုထံ တင်ပြ
Reviewed by THITHTOOLWIN
on
17:47
Rating: