ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ မတ်လ ၃၁ ရက်နေ့က တရားခံ ကြည်လင်း ကို ရုံးထုတ်လာစဉ်။ Photo: Kyaw Zaw Win/RFA |
အခင်းဖြစ်ပွားချိန်က အသုံးပြုတဲ့ သေနတ်ကျည်ဆံနဲ့ လူသတ်တရားခံ ကြည်လင်း ဝတ်ဆင်ခဲ့တဲ့ အင်္ကျီတွေကို ရဲအုပ်မိုးနိုင်က သက်သေခံ တင်ပြတာဖြစ်တယ်လို့ ဒီကနေ့ ရုံးထုတ်စစ်ဆေးတဲ့ အခြေအနေနဲ့ ပက်သက်ပြီး တရားခံ အောင်ဝင်းဇော်ရဲ့ ရှေ့နေဖြစ်သူ ဦးအောင်ခိုင်က ပြောပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုး တို့ ၄ ဦးစလုံးကို ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ် ၃၄ အားပေးကူညီမှု၊ ပုဒ်မ ၂၁၂ ပြစ်မှုကျူးလွန်သူကို ကူညီမှုတို့နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အဲဒီအထဲက အောင်ဝင်းဇော်နဲ့ ကြည်လင်းတို့ကို လက်နက်မှုနဲ့ပါ တရားစွဲဆိုတာပါ။
ဒီကနေ့ ရုံးထုတ်မှာ သက်သေတယောက်ကို စစ်ဆေးပြီး နောက်တပတ်ရုံးချိန်မှာ နောက်ထပ် သက်သေတယောက် ကို ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။
တရားလွှတ်တော်ရှ့နေ ဦးကိုနီအမှုနဲ့ ပက်သက်ပြီး သက်သေအယောက် ၈၀ လောက်ကို စစ်ဆေးသွားမှာဖြစ် ပါတယ်။
အမှုနဲ့အဓိက ပတ်သက်သူဖြစ်တဲ့ အောင်ဝင်းခိုင် ကိုတော့ အခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
RFA Burmese
http://www.rfa.org/burmese
ဦးကိုနီ အသတ်ခံရမှု ရုံးထုတ်
Reviewed by THITHTOOLWIN
on
18:32
Rating: