နေပြည်တော် မတ် ၁၀
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၅၆/၁ နှင့် ၃၅၆/၂ ကြား မီးရထားသံလမ်းကူး၌ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော ALPHARD ယာဉ်မှာ အရှိန် မထိန်းနိုင်ဘဲ ရှေ့မှ ယာဉ်မောင်း ဦးနေ၀င်း မောင်းနှင်လာသော COROLLA VAN ယာဉ်၏ အောက်ပိုင်းအား ယနေ့နံနက် ၄နာရီ ၄၅မိနစ်က ၀င်တိုက်မိခဲ့ သည်။ အဆိုပါ VAN ကားမှတဆင့် ရှေ့မှယာဉ်မောင်း ကျော်ဆန်းထွန်း မောင်းနှင်နေသည့် SUZUKI SOLIO မော်တော်ယာဉ်နောက် ပိုင်းအား ထပ်မံတိုက်မိခဲ့သည်။
အဆိုပါ ဖြစ်စဉ်အား စကားအင်းအ၀ိုင်း အမြန်လမ်းမကြီးရဲစခန်းနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ARPHARD ယာဉ်မှ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပြီး SUZUKI SOLIO ပါသူများမှာ ထိခိုက် ဒဏ်ရာရရှိမှု မရှိသော်လည်း COROLLA VAN ကားပေါ်ပါ အမျိုးသားတစ်ဦးနှင့် သံဃာတစ်ပါး ထိခိုက်ဒါဏ် ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။
ဒဏ်ရာရရှိသူနှစ်ဦးအား တပ်ဖွဲ့ပိုင်မော်တော်ယာဉ်ငယ်ဖြင့် တံတားဦးဆေး ရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး ဖြစ်စဉ်အား ပ-၅/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉/၂၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သန်းဦး(လေးမျက်နှာ)
ဓါတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမြန်လမ်းမကြီးတွင် ယာဉ်သုံးစီးဆင့်ကဲတိုက်
Reviewed by THITHTOOLWIN
on
18:44
Rating: