အသက်၇၅ နှစ်အရွယ်ကျောင်းထိုင်ဘုန်းကြီးမှ ၈ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်၍ အဒေါ်ဖြစ်သူမှ ရဲစခန်းသို့ တိုင်ကြား
မုံရွာ၊ မတ် ၁၀။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကျွန်းဖျားကျေးရွာရှိ ဘုန်းကြီးကျောင်းမှ အသက် ၇၅ နှစ်၊ ၀ါတော် (၄၀)ရှိ ကျောင်းထိုင်ဘုန်းကြီးမှ ၈ နှစ်အရွယ် ပထမတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့၍ ကျောင်းသူ၏ အဒေါ်မှ မတ်လ ၉ ရက်နေ့တွင် ကနီမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရသည်။
တိုင်ကြားခံရသူ ဆရာတော်အား မြို့နယ် သံဃာ့နာယကအဖွဲ့နှင့် လ၀ကအဖွဲ့တို့မှ သိက္ခာတော်ချ လူဝတ်လဲစေ၍ ကနီမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေထားကြောင်း ၄င်းရဲစခန်း ဂတ်စာရေး ရဲ တပ်ကြပ်ကြီးက ပြောသည်။
"ဘေးအိမ်က အမျိုးသမီးက သိလို့ ကလေးမရဲ့ အဒေါ်ကို ပြောရာကနေ သိတာပါ။ သူ့တူမကို ခေါ်မေးပြီး ရဲစခန်းကို အမှုလာဖွင့်ပါတယ်။ ကလေးမလေးရဲ့ ထွက်ဆိုချက်အရ လွန်ခဲ့တဲ့နှစ်လခန့်ကတည်းက နှစ်ကြိမ်ပြုကျင့်တယ်လို့ သိရပါတယ်။ သူနဲ့အတူ အခြား အသက်၁၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်လည်း အလားတူ ပြုကျင့်ခဲ့တယ်လို့ပြောပါတယ်။ ဘုန်းကြီးရဲ့ အိပ်ခန်းထဲမှာပါ၊ မုန့်ဖိုးနဲ့ မုန့်တွေပေးပြီး ပြုကျင့်တာလို့ သိရပါတယ်။ အခုတော့ စစ်ဆေးဆဲပါ "ဟု ၄င်းတပ်ကြပ်ကြီးက ပြောသည်။
ပြုကျင့်ခံရသူ ကျောင်းသူမှာ အဖွားဖြစ်သူနှင့်အတူ နေထိုင်ပြီး မိဘများမှာ မန္တလေးမြို့တွင် အလုပ်သွားရောက် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
အဓမ္မပြုကျင့်မှုဖြင့်တိုင်ကြားခံရသော ဘုန်းကြီးမှာ ၄င်းရွာဦးကျောင်းတွင် လွန်ခဲ့သည့် ၁၀နှစ်လောက်ကပင် ကျောင်းထိုင်ဆရာတော်ဖြစ်ခဲ့ကြောင်း သိရသည်။
၎င်းအမှုကို ကနီရဲစခန်းမှ အမှုကြိးအမှတ် ၂/၂၀၁၇ (ပ)၆၁/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်ဖွင့်လှစ်၍ မြို့နယ်ဆရာဝန်ကြီးထံ ဆေးစာပို့ စစ်ဆေးထားကြောင်း သိရသည်။
Central News Myanmar
https://www.facebook.com/CNMyanmar/
အသက်၇၅ နှစ်အရွယ်ကျောင်းထိုင်ဘုန်းကြီးမှ ၈ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်၍ အဒေါ်ဖြစ်သူမှ ရဲစခန်းသို့ တိုင်ကြား
Reviewed by THITHTOOLWIN
on
18:43
Rating: