![]() |
သတင်း- ဓါတ်ပုံ ။ ။ သတင်းထောက်စောမိုးကျော်(ကြေးမုံ-ကျောက်ဖြူ မြို့ ) |
အဆိုပါ စက်လှေဟာ ကျောက်ဖြူမြို့မှ ဦးကင်းအုပ်စု ကုလားဘာတောင်ကျွေးရွာ အလှူပွဲကို သွားတဲ့ ပဲ့နင်းဦးဘမောင်ဦး မောင်းနှင်ပြီး (ဦးစံထွန်းကျော်၊ တောင်းရင်းကျေးရွာအုပ်စု၊ ကုလားဘာကျေးရွာ ပိုင်ဆိုင်သော) စက်လှေဖြစ်ကြောင်း သိရပါတယ်။
သစ်ပုတ်တောင် ရေတပ်စခန်းဌာနချုပ်အနီးမှာ စက်အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့ကာ လှေပေါ်စီးနင်းလိုက်ပါလာသူ ကျား(၇)ဦး၊ မ(၈)ဦး ပေါင်း(၁၅)ဦးအနက် မအောင်မေသင်း၊ မအေးသန်းမြင့်၊ မခင်မေသန်း၊ မစန္ဒာနွေ တို့ ၄ဦးမှာ ရေနစ် သေဆုံးသွားပြီး - ပျေက်ဆုံးနေတဲ့ ကလေး၂ဦးမှာ (မောင်ဖြိုးမင်းပိုင် နဲ့ မောင်ထွန်းစေ့ကေ) လို့ သိရပါတယ်။
အသက်ရှင် ကျန်သူ ၉ ဦးကိုတော့ ဓည၀တီရေတပ်စခန်းဌာနချုပ်မှ ကယ်တင်ထားပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။
သစ်ထူးလွင်
ကျောက်ဖြူမြို့ နယ်မှာ အလှူပွဲသွားတဲ့ စက်လှေ မီးလောင်မှုဖြစ် ၆ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:20
Rating:
