၂၀၁၇ ခုနစ်၊ မတ်လ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၂)နာရီ (၁၉)မိနစ် (၀၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
ပထမအကြိမ် မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနစ်၊ မတ်လ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၄၉)မိနစ် (၀၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်-အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၈) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
တိုက်ကြီးမြို့ အနီး ဗဟိုပြု၍ (၅.၈) အဆင့် မြေငလျင်လှုပ်အပြီး (၄.၇) အဆင့်ရှိ မြေငလျင်ထပ်လှုပ်
Reviewed by THITHTOOLWIN
on
23:44
Rating: