ဖားကန့် မြို့ နယ်အတွင်း တစ်ဖက်နိုင်ငံသားများအား ဖမ်းဆီးရမိ


နေပြည်တော် မတ် ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့၏အရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ဖားကန့်နမ့်မဖြစ်ကားလမ်းပေါ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် မတ် ၇ ရက် ည ၁၁ နာရီခန့်တွင် နမ့်မဖြစ်ကျေးရွာနေ အားဆန် (ဘ)ဦးလဆူ မောင်းနှင်လာသော ယာဉ်အမှတ်၊ 3G/--- ပရာဒိုအမျိုးအစား မော်တော်ယာဉ်နှင့်နောင်မွန်းကျေးရွာနေ ၀မ်ဂန်း(ဘ) ဦးဝမ်ယာမင့် မောင်းနှင်လာသော ယာဉ်အမှတ်၊ 1D/---ပါဂျဲရိုးအမျိုးအစားမော်တော်ယာဉ်နှစ်စီးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့်ရပ်တန့်စစ်ဆေးခဲ့ရာ တရားမ၀င် တစ်ဖက်နိုင်ငံသားများဖြစ်ကြသည့် အိုရွှေ့ရန်(ဘ)ဦးအိုရန်ဟွ၊ ၀မ်မုန့်(ဘ)၀မ်ဖမိန်၊ လီရချီ(ဘ) ဦးလီချောက်ချွင်း၊ လျန်ကောင်းရွှင်(ဘ)ဦးလျန်းတန်နှင့် ရှန်ကျုံးဝေ(ဘ) ဦးရှန်ချောက်ကျူတို့ငါးဦးအား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိတစ်ဖက်နိုင်ငံသားများအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည်ဖားကန့်မြို့ အနောက် မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ နမ့်မဖြစ်ကျေးရွာ၊ ရပ်ကွက်(၁)နေ ဦးစိုင်းသိန်းထွန်း၏နေအိမ်၌ ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ငှားရမ်းနေထိုင်ခဲ့ကြောင်း၊နမ့်မဖြစ်ကျေးရွာနှင့် လုံးခင်းကျေးရွာများရှိ ကျောက်အရောင်းအ၀ယ် လုပ်ငန်းများလေ့လာရန်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရ၍ မတ် ၇ ရက် ည ၁၂ နာရီခွဲတွင် ၎င်းနေအိမ်အား တပ်မတော်သားများနှင့်နယ်မြေခံရဲတပ်ဖွဲ့မှ သွားရောက်ရှာဖွေရာ ကျောက်စိမ်းရိုင်းလေးတုံးနှင့် တရားမ၀င် သယ်ဆောင်လာသော တစ်ဖက်နိုင်ငံထုတ် ဆေးဝါးပစ္စည်းမျိုးစုံတို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသော တရားမ၀င်တစ်ဖက်နိုင်ငံသားများ၊ အိမ်ပိုင်ရှင်၊ ယာဉ်မောင်းနှစ်ဦးနှင့် တရားမ၀င် ပစ္စည်းများအားတရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဖားကန့်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသို့စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ဖားကန့် မြို့ နယ်အတွင်း တစ်ဖက်နိုင်ငံသားများအား ဖမ်းဆီးရမိ ဖားကန့် မြို့ နယ်အတွင်း တစ်ဖက်နိုင်ငံသားများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.