မောင်တော အောင်ဇူရဲစခန်းအတွင်း ချုပ်နှောင်ထားသော လူ ၅ ဦးက သေနတ် ၄ လက် လုယူထွက်ပြေး

ဓါတ်ပုံ - နယ်စပ်လှိုင်း
မတ်လ ၁၁ / DMG

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်ဇူရဲစခန်းအတွင်း ချုပ်နှောင်ထားသည့် လူ ၅ ဦးက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ သေနက် ၄ လက်အား လုယူထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

မတ်လ ၁၁ ရက်နေ့၊ နေ့လည်ပိုင်းအချိန်က အောင်ဇူကျေးရွာအနီးတွင် မသင်္ကာဖွယ်ရာလူ ၅ ဦးအား အထုတ်အပိုးများဖြင့် တွေ့ရှိသဖြင့် ခေါ်ယူပြီး အောင်ဇူရဲစခန်းအတွင်းတွင် ချုပ်နှောင်ထားရာ ၎င်းလူ ၅ ဦးသည် ညနေပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ၏ သေနက်(၄)လက်အား လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ၏ ပါသွားခဲ့သည့်သေနက်(၄)လက်အား ပြန်လည်ရှာဖွေရာတွင် သေနက်(၂)လက်အား တွေ့ရှိထားပြီးဖြစ်ကာ ကျန်နှစ်လက်မှာ ပျောက်ဆုံးလျက်ရှိနေသေးပြီး တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားသည့် လူ ၅ ဦးနှင့်ပါသွားသည့် လက်နက်အချို့အား ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

Development Media Group
https://www.facebook.com/dmgnewsagency/
မောင်တော အောင်ဇူရဲစခန်းအတွင်း ချုပ်နှောင်ထားသော လူ ၅ ဦးက သေနတ် ၄ လက် လုယူထွက်ပြေး  မောင်တော အောင်ဇူရဲစခန်းအတွင်း ချုပ်နှောင်ထားသော လူ ၅ ဦးက သေနတ် ၄ လက် လုယူထွက်ပြေး Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.