မြိတ် မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ထားဝယ်စုရပ်ကွက် C လမ်းရှိ ဒေါ်သူဇာဝင်း ပိုင်ဆိုင်သော လင်းလင်းအောင် ကြေးအိုးဆိုင်တွင် မတ်လ(၁၈)ရက် နံနက်(၈း၅၀)နာရီခန့်က စာဖိုမှူးလက်ထောက်အဖြစ်လုပ် ကိုင်နေသူ ဦးစိုးထွန်းမှ ဂက်စ်အိုးဘားအား ရဲဒင်းဖြင့်ရိုက်ဖွင့်ရာမှ အနီးရှိ မီးဖိုမှတဆင့်ကူးစက်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားချိန်တွင် ကြေးအိုးဆိုင်ရှိ ၀န်ထမ်းများက မီးသတ်ဆေးဗူး များဖြင့် ငြိမ်းသတ်မှုကြောင့် မီးငြိမ်းခဲ့ပြီး စားဖိုမှူးလက်ထောက်(၂)ဦး မီးဟပ်ခံရ(မစိုးရိမ်ရ)ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း၊ မီးလောင်မှု ကြောင့် ဆုံးရှုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
မြိတ်ခရိုင် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြိတ်မြို့ လင်းလင်းအောင် ကြေးအိုးဆိုင်တွင် ဂက်စ်အိုးဘားဖွင့်ရာမှ မီးလောင်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:11
Rating:
